ကျောက်တံခါးမြို့နယ်တွင် မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆက်လက်ဆွေးနွေးပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံခါးမြို့နယ်တွင် မူလတန်းအဆင့်နှင့်အလယ်တန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဆက်လက်ဆွေးနွေးပို့ချ




ကျောက်တံခါး   ၊  မေ ၂၀


ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ကျောက်တံခါးမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် (မြို့နယ်အဆင့်) ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲကို ဆက်လက်ဖွင့်လှစ်ပို့ချလျှက်ရှိသည်။

မြို့နယ်အဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများကို မူလတန်းအဆင့်အား အ-ထ-က (ကျောက်တံခါး)ကျောင်းတွင် ဖွင့်လှစ်ပြီး သင်တန်းနည်းပြ ဆရာ/ဆရာမ(၅၆)ဦးက ဆွေးနွေးပို့ချပြီး  မူလတန်းအ‌ဆင့် ဆရာ/ဆရာမ(၈၃၁)ဦး တက်ရောက်မည်ဖြစ်ကြောင်းနှင့် အလယ်တန်းအဆင့်ကို အ-ထ-က(အနောက်ရပ်)ကျောင်းတွင် ဖွင့်လှစ်၍ သင်တန်းနည်းပြ ဆရာ/ဆရာမ(၂၉)ဦးတို့က ဆွေးနွေးပို့ချပြီး  အလယ်တန်းအဆင့် ဆရာ/ဆရာမ(၄၅၄)ဦး တက်ရောက်လျှက်ရှိပြီး စာတွေ့လက်တွေ့ ဆွေးနွေးမှုများပြုလုပ်ကြကြောင်း သိရသည်။


အဆိုပါ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို  မေလ(၁၈)ရက်မှ (၂၀)ရက်ထိ (၃) ရက်ကြာ ဆွေးနွေးပို့ချလျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)