မေ - ၂၂ ( ကြာသပတေးနေ့ )
ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့ မနက်ပိုင်းတွေမှာ ယူကရိန်းက မော်စကိုမြို့ကို ပစ်မှတ်ထားပြီး ဒရုန်း မျိုးစုံပါတဲ့ လှိုင်းတွေ တစ်လှိုင်းပြီး တစ်လှိုင်းလွှတ်ခဲ့တယ်လို့ မြို့တော်ဝန် ဆာဂေးဆိုဗျာနင် က ပြောပါတယ်။
၎င်း၏ တယ်လီဂရမ်ချန်နယ်တွင် ဆက်တိုက်တင်ထားသော ပို့စ်များတွင် စုစုပေါင်း မောင်သူမဲ့ယာဉ် ၃၂ စင်းကို မော်စကိုမြို့အနီးမှာ ပစ်ချခဲ့ရကြောင်း တရားဝင်ဖော်ပြခဲ့သည်။ မြို့တော်ဝန်က မြေပြင်တွင် ထိခိုက်ကျဆုံးမှု သို့မဟုတ် ပစ္စည်းပျက်စီးမှု တစ်စုံတစ်ရာကို ဖော်ပြထားခြင်း မရှိပေ။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် အော်လက်ဗ်၊ ခရိုင်းမီးယား၊ ရာဇန်၊ ကာ့စ်၊ ဘယ်ဂိုရော့ဗ်၊ ဘရိုင်ရန်စ် နဲ့ လီပတ်စ် ဒေသများအပါအဝင် နိုင်ငံတစ်ဝှမ်းသို့ မောင်းသူမဲ့လေယာဉ် အများအပြား ကျုးကျော်ဝင်ရောက်ခဲ့ ကြောင်း အစီရင်ခံခဲ့ပါတယ်။ ဝန်ကြီးဌာန၏ တစ်နေ့တာ အစီရင်ခံစာများအရ ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီမှ ၁၁ နာရီ ၅၀ မိနစ်အတွင်း ရုရှားပိုင်နက်အတွင်း အနည်းဆုံး မောင်းသူမဲ့လေယာဉ် ၂၄၉ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ရုရှားမီဒီယာများအဆိုအရ မော်စကိုရှိ ဒိုမိုဒီဒိုဗို၊ ဇူကိုဗ်စကီ နဲ့ ရှီရီမတ်ယီဗို လေဆိပ်များတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ၎င်းတို့၏ လုပ်ငန်းများကို ခေတ္တရပ်ဆိုင်းထားကြောင်း ဖော်ပြခဲ့ပါတယ်။ ဒိုမိုဒီဒိုဗို ခရိုင်အကြီးအကဲ က အဆိုပါဒေသတွင် လေကြောင်းရန် ကာကွယ်ရေးစနစ်များ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။
မော်စကိုဒေသမှ နေထိုင်သူများသည် ရုရှားမြို့တော်ဆီသို့ ယူကရိန်း မောင်သူမဲ့ယာဉ်များ ပျံသန်းလာနေတာကို ပြသသည့် ဗီဒီယိုများကို လိုင်ပေါ်မှာ တင်ပြီး မျှဝေခဲ့ကြပါတယ်။ ဗီဒီယိုဖိုင်တစ်ခုကတော့ လေထဲမှာ ပေါက်ကွဲသွားတဲ့ ဒရုန်းတစ်ခု ကို ရိုက်ပြခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment