မေ - ၂၁ ( ဗုဒ္ဓဟူးနေ့ )
စပိန်နိုင်ငံ၊ အိုင်ဘာရီယံ ကျွန်းဆွယ်တစ်ခုလုံးတွင် လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက် ပြီးနောက် သီတင်းပတ်များအကြာတွင် ဆက်သွယ်ရေး ပြတ်တောက်မှုဒဏ်ကို အများကြီးခံခဲ့ရပါတယ်။ အရေးပေါ်ဝန်ဆောင်မှုများ၊ ကြိုးဖုန်းများနှင့် အင်တာနက် ပြတ်တောက်သွားသည့် ဆက်သွယ်ရေးကုမ္ပဏီ Telefonica မှ အပ်ဒိတ်တစ်ခုကြောင့် ကွန်ရက်ပျက်တောက်မှု ဖြစ်ပွားခဲ့ပါတယ်။
အင်္ဂါနေ့အစောပိုင်းက စတင်ခဲ့တဲ့ ပြတ်တောက်မှုဟာ မက်ဒရစ်၊ ကာတာလိုနီးယား၊ ဗယ်လင်စီယာ၊ အန်ဒါလူစီယာ၊ အာရာဂွန် နဲ့ ဘတ်ကေးတောင်တီ အပါအဝင် ဒေသတော်တော်များများကို ထိခိုက်ခဲ့ပါတယ်။ နေရာအများအပြားတွင် ၁၁၂ အရေးပေါ် ဖုန်းလိုင်း သို့ဝင်ရောက်ခွင့် ပြတ်တောက်ခဲ့ပြီး ဒေသအာဏာပိုင်များသည် အရေးပေါ်ဝန်ဆောင်မှုများအတွက် အစားထိုးဆက်သွယ်ရန် နံပါတ်များကို ခေါ်ဆောင်ရန် လှုံ့ဆော်ခဲ့ပါတယ်။
စပိန်၏ အကြီးဆုံး တယ်လီကွန်းပံ့ပိုးပေးသူ Telefonica က "ကုမ္ပဏီအချို့ရဲ့ ပုံသေဆက်သွယ်ရေး ဝန်ဆောင်မှုများ (အသံနှင့်အင်တာနက်) ကို ထိခိုက်စေတဲ့ ကွန်ရက်အဆင့်မြှင့်တင်မှုလုပ်ငန်းအချို့ကို လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ထိခိုက်သွားတဲ့ စနစ်များကို သီးခြားခွဲထုတ်ထားပြီး လုပ်ငန်းများ ပြန်လည် လုပ်ဆောင်ရန်အတွက် ဝန်ဆောင်မှုအဖွဲ့များကို ဖြန့်ကျက်ထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့ပါတယ်။
Telefonica ၏ အဆိုအရ အဆိုပါပြဿနာများ၏ မူလအစမှာ ကွန်ရက်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းမှ ဖြစ်ပေါ်လာပြီး ဝန်ဆောင်မှုများရယူသုံးစွဲနိုင်မှုကို နေ့လည် ၁၂နာရီခွဲမှာ “အပြည့်အဝပြန်လည်ရရှိခဲ့သည်” လို့ ဆိုပါတယ်။ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေး ဝန်ကြီးဌာနသည် Telefonica နှင့် တစ်နေ့တာလုံး ဆက်သွယ်ခဲ့ပြီး အဖြစ်အပျက်နှင့်ပတ်သက်သည့် အသေးစိတ်အစီရင်ခံစာကို တောင်းဆိုခဲ့ပါတယ်။
ဧပြီ ၂၈ ရက်က စပိန်နှင့် ပေါ်တူဂီတို့ တွင် နေရာအနှံ့ ဓာတ်အား ပြတ်တောက်မှု ဖြစ်ပွားခဲ့ပြီး သယ်ယူပို့ဆောင်ရေး ကွန်ရက်များ၊ တယ်လီဖုန်း ဆက်သွယ်ရေးနှင့် အများသူငှာ အခြေခံအဆောက်အအုံများ ထိခိုက်စေပြီးနောက် တစ်လမပြည့်မီတွင် အဆိုပါ ပြတ်တောက်မှု ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ မီးပျက်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်သော်လည်း ပဏာမအကဲဖြတ်ချက်များအရ ဗို့အားကွဲလွဲမှုကြောင့် ပြတ်တောက်သွားစေတယ်လို့ ဆိုထားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment