ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရမည့် ကျောင်းသား၊ကျောင်းသူများအား လေ့ကျင့်သင်ကြားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ပြန်လည်ဖြေဆိုရမည့် ကျောင်းသား၊ကျောင်းသူများအား လေ့ကျင့်သင်ကြားပေး







ကျောက်ဆည်  ၊ မေ၂


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည့်အတွက် စာမေးပွဲ ပြန်လည်ဖြေဆိုရမည်ဖြစ်ရာ ယနေ့နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


လေ့ကျင့်သင်ကြားပေးရာတွင် တက္ကသိုလ်များမှဆရာ၊ဆရာမများက ၂၀၂၄-၂၀၂၅ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရမည့်ကျောင်းသား၊ ကျောင်းသူများအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန် ကျောက်ဆည်မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျောင်းသား၊ သူ (၄၀၅)ဦး၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် (၃၉၀)ဦး၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် (၃၅၄)ဦး၊မြို့မအခြေခံပညာအထက်တန်းကျောင်းတွင် (၃၅၄) ဦး စုစုပေါင်း (၁၅၀၃)ဦးကို လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို၂၀၂၅ ခုနှစ် ဇွန်လ(၁၆)ရက်နေ့မှ (၂၁) ရက်နေ့အထိ ပြန်လည်ဖြေဆိုရမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် အောင်ချက်မြင့်မားရေးအတွက် ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာများက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။၏


အောင်ပိုင်ပိုင်ကျော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)