ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ ပထမအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၌ ပထမအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ



ပုဇွန်တောင်၊ မေ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အောက်ပုဇွန်တောင်လမ်းရှိ ထာဝရဆွမ်းလောင်းအသင်းဓမ္မာရုံ၌ မေ ၁၈ ရက်နေ့ ညနေ ၄ နာရီက ပထမအကြိမ်မြောက် ထာဝရဆွမ်းလောင်းအသင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

အမှတ်(၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ထာဝရဆွမ်းလောင်းအသင်းတို့၏ ဦးဆောင်မှုဖြင့် ထာဝရဆွမ်းလောင်းအသင်းမှ ကြီးမှူးကျင်းပသော ပထမအကြိမ်မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ပုဇွန်တောင်မြို့နယ်မှ ဘုန်းတော်ကြီးကျောင်းတိုက်(၃၃)တိုက်မှ ရဟန်းသံဃာတော်များ၊ မင်္ဂလာတောင်ညွှန့်မြို့နယ်နှင့် ဒေါပုံမြို့နယ်များမှ ရဟန်းသံဃာတော်များ၊ သီလရှင်ဆရာကြီး ‌ဆရာလေးများအား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် မြတ်စွာဘုရားရှင်နှင့် ရဟန်းသံဃာတော်များက ဆွမ်းဆန်စိမ်းလောင်းလှူမည့် ရာဇမတ်ကာရံထားသည့် ပန်းခင်းလမ်းသို့ ဒေသစာရီကြွချီလာရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နေအလှူရှင်ပြည်သူများက ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရဟန်း၊ သာမဏေများနှင့် သီလရှင်ဆရာကြီး /ဆရာလေးများအား ဆန်၊ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)