စလင်းမြို့နယ်တွင် ၂၀၂၅၊ ၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာ စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ၂၀၂၅၊ ၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာ စိုက်ထူ





စလင်း၊ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၅၊ ၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး  စဥ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့ မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မင်းဘူးစလင်းသွား ကားလမ်းမပေါ်ရှိ မီးပွိုင့်လမ်းဆုံ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။

၂၀၂၅၊ ၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့  ကျောင်းအပ်နှံကြစို့  မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တ ဥက္ကဋ္ဌ ဦးရန်နိုင်စိုးအောင်နှင့်  စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ  ဆရာ၊ ဆရာမများက တက်ရောက်၍ မြေစိုက်ပိုစတာအား စိုက်ထူခဲ့ကြသည်။

အဆိုပါ မြေစိုက်ပိုစတာအား ပြည်သူများအားလုံး သိရှိနိုင်ကြစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာနမှ စိုက်ထူရခြင်းဖြစ်ပြီး မြေစိုက်ပိုစတာများအား စလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြို့နယ်ပညာရေးမှူး ရုံးဝန်းအတွင်းနှင့် ပေါင်းနားရပ်ကွက် မီးပွိုင့်လမ်းဆုံလူစည်ကားရာနေရာများ၌  ပြည်သူအားလုံး  သိရှိနိုင်စေရန်  စိုက်ထူရခြင်းဖြစ်ပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေလ(၂၂)ရက်နေ့မှ  ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့အဖြစ်  သတ်မှတ်ဖော်ပြထားပြီး  အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများ ဆရာ၊ ဆရာမများက မြေစိုက်ပိုစတာ စိုက်ထူပွဲအခမ်းအနား မြေစိုက်ပိုစတာရှေ့၌  စုပေါင်းကာ အမှတ်တရာဓာတ်ပုံ စုပေါင်းရိုက်ကူးကြကြောင်း သိရသည်။


မောင်လွင် (စလင်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)