ပေါင်၊ မေ ၂၉
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ လေဘေးသင့်အိမ်ထောင်စုများအားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ ပေးအပ်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာဖိုးများ ပေးအပ်ခဲ့သည်။
ပေါင်မြို့နယ်သည် (၂၈)ရက်နေ့နံနက် (၁း၃၀)နာရီက လေပြင်းတိုက်ခတ်မှုကြောင့် ကဒါရပ်ကွက်နှင့် ဇင်းကျိုက်မြို့၊ ဖလပ်ရပ်ကွက်တို့တွင် အမိုးလန်ပျက်စီးခဲ့သည်။ ထိုသို့ပျက်စီးသွားသည့်ကို ပေါင်မြို့နယ် ဘေး
အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှဦးစီးအရာရှိဒေါ်နှင်းထက်ထက်ဟန်နှင့် တာဝန်ရှိသူများက နိုင်ငံတော်မှ ပေးအပ်သည့် ကယ်ဆယ်ရေး ပစ္စည်းများ၊လူနေအိမ်(၃)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေ(၁၅၀,၀၀၀ိ/-)နှင့်လူဦးရေ(၁၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၈၅,၀၀ဝိ/-)စုစုပေါင်းကျပ်(၂၃၅,၀၀၀ိ/-) ကို ကဒါရပ်ကွက်နှင့် ဇင်းကျိုက်မြို့၊ဖလပ်ရပ်ကွက်ရှိ လေပြင်းတိုက်ခတ်၍ အမိုးလခ န်ပျက်စီးခဲ့သည့် အိမ်ထောင်စုအား ပေးအပ်ခဲ့ကြောင်းသိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment