ယူကရိန်းဒရုန်းတွေက မော်စကိုထဲအထိ လာရောက်တိုက်ခိုက်နေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းဒရုန်းတွေက မော်စကိုထဲအထိ လာရောက်တိုက်ခိုက်နေပြီ


မေ - ၂၉ ( ကြာသပတေးနေ့ ) 

ရုရှား - ယူကရိန်း ပဋိပက္ခဖြစ်ပွားသည်မှာ ၃ နှစ်ကျော်ပြီနောက် အပစ်ရပ်ရေးအတွက် စေ့စပ်ညှိနှိုင်းမှု လမ်းကြောင်းပေါ်ကို ရောက်နေပေမဲ့ မြေပြင်မှာတော့ ယူကရိန်းရော ၊ ရုရှားရော ၂ ဘက်စလုံးက တိုက်ခိုက်မှု တွေ မလျှော့သေးပါဘူး။ ဒီကနေ့ မနက်ပိုင်းမှာဆိုရင် ယူကရိန်းဒရုန်းတွေက ရုရှားမြို့တော် မောစကိုမြို့ထဲအထိ ရောက်အောင် တိုက်ခိုက်မှုတွေ လုပ်လာကြပါတယ်။ 

ရုရှားနိုင်ငံ မော်စကိုအနောက်တောင်ပိုင်းရှိ တိုက်ခန်းတစ်ခန်းကို ကြာသပတေးနေ့ နံနက်အစောပိုင်းတွင် ယူကရိန်းဒရုန်းတစ်စီးက ရုရှားမြို့တော်ကို တိုက်ခိုက်မှုများ အရှိန်မြှင့်လာခဲ့ပါတယ်။ မောင်သူမဲ့ယာဉ် ( ဒရုန်း ) သည် မီရက်စ် ပါတ်ခ် လူနေရပ်ကွက် အတွင်းရှိ ဗာနက်ဒ်စကီအိမ်ရာ ကို ဝင်တိုက်ခဲ့ပြီး အဆောက်အအုံ၏ မျက်နှာစာနှင့် ပြတင်းပေါက်များ ကွဲအက်ပျက်စီးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် လူအများအပြားသည် လမ်းပေါ်သို့ ထွက်ပြေးခဲ့ကြပါတယ်။  မြို့တော်ဝန် ဆာဂေး ဆိုဗျာနင် က အသေအပျောက် သို့မဟုတ် "ပြင်းထန်သော ပျက်စီးမှု" မရှိကြောင်း ပြောကြားခဲ့ပါတယ်။ မော်စကိုမြို့ပေါ်တွင် ဒရုန်းသုံးစင်းကို ပစ်ချခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။ ရပ်ကွက်အများအပြားတွင် ကျယ်လောင်သော ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဒေသခံများက ပြောခဲ့ပါတယ်။ 

မော်စကိုမြို့အပြင်ဘက်ရှိ အိုဒင်ဆိုဗို ရှိ လူနေအဆောက်အအုံတစ်ခု၏ ခေါင်မိုးကို ကာမီကာဇီဒရုန်း နောက်တစ်စင်းက ထိမှန်သွားခဲ့ပါတယ်။ 

မေလ ၁၆ ရက်က ရုရှားနှင့် ယူကရိန်း စေ့စပ်ညှိနှိုင်းရေးမှူးများသည် အစ္စတန်ဘူလ်တွင် အကျဉ်းသားလဲလှယ်မှု ကြီးကြီးမားမားပြုလုပ်ရန်နှင့် အသေးစိတ်အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များကို တင်သွင်းရန် သဘောတူညီခဲ့ကြပြီး သူတို့က ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစ္စတန်ဘူလ်တွင် တွေ့ဆုံခဲ့ကြသည်။

ယူကရိန်းက ရုရှားနိုင်ငံအတွင်းကို ဒရုန်းများဖြင့် တိုက်ခိုက်မှုများ နက်နက်ရှိုင်းရှိုင်း အရှိန်မြှင့်လာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့ကဆိုရင် အနည်းဆုံး ဒရုန်း အစင်းရေ ၁၂ စင်းကို မြို့ပေါ်ကို ပျံဝဲလာတဲ့အတွက်ကြောင့် ကြားဖြတ်တိုက်ခိုက်မှု လုပ်ပြီး ပစ်ချခဲ့ရတယ်လို့ ရုရှားတာဝန်ရှိသူများက ပြောကြားခဲ့သည်။ မောင်းသူမဲ့ လေယာဉ်များသည် အဆောက်အဦ ၃ လုံးနှင့် စက်မှုလုပ်ငန်းလုပ်ဆောင်နေသော စက်ရုံများ ပျက်စီးခဲ့ပါတယ်။ 


REF: RT          

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)