ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ကွယ်လွန်သွားသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့်ငွေများ ပြန်လည်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ငလျင်ဒဏ်ကြောင့် ကွယ်လွန်သွားသူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့်ငွေများ ပြန်လည်ပေးအပ်





တောင်ကြီး  ၊ မေ ၁

၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဒဏ်ကြောင့် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်း ကွယ်လွန်သွားသူများအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့်ငွေများ ကျန်ရစ်သူမိသားစုထံ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကေလာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ငလျင်ဘေးဒဏ်ရှေ့တန်းကွပ်ကဲရေးရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်က ‌ဒေသခံပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး နိုင်ငံတော်အစိုးရ၊ ပြည်နယ် အစိုးရအဖွဲ့တို့မှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် ကလောခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်တို့က နန်းပန်မြို့၊ ကေလာကျေးရွာအုပ်စု၊ သလဲဦးကျေးရွာအုပ်စု၊ နန်းသဲကျေးရွာအုပ်စု၊ ရွာမကျေးရွာအုပ်စု၊ သာလေးကျေးရွာအုပ်စုတို့မှ ကွယ်လွန်သူများ၏ မိသားစုဝင်များအား ငွေများအသီးသီးပေးအပ်ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ နှစ်သိမ့်အားပေးစကားများ ပြောကြားခဲ့သည်။

ယနေ့အခမ်းအနားတွင် ညောင်ရွှေမြို့နယ် အင်းလေး‌ဒေသအတွင်း ငလျင်ဒဏ်ကြောင့် ကွယ်လွန်ခဲ့သူ စုစုပေါင်း (၅၀) ဦးအတွက် တစ်ဦးလျှင် ငွေကျပ် (၁၀) သိန်းနှုန်းဖြင့် (၅၀,၀၀၀,၀၀၀) ကျပ် ပေးအပ်ခဲ့ကြောင်းနှင့် လွိုင်လင်ခရိုင်၊ မိုင်းရှုးမြို့နယ်၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ဝမ်ကန်ရွာမှ အောင်ပန်းမြို့၊ အောင်ပန်းဟိုတယ်တွင် လာရောက်တည်းခိုစဉ် ငလျင်ဒဏ်ကြောင့် သေဆုံးခဲ့သည့် အမျိုးသား (၃) ဦး၊ အမျိုးသမီး (၃) ဦး၊ စုစုပေါင်း (၆) ဦးအတွက် တစ်ဦးလျင် ငွေကျပ် (၁၀) သိန်းနှုန်းဖြင့် စုစုပေါင်း  (၆၀) သိန်းကို ၎င်းတို့၏ မိသားစုဝင်များအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


ကျော်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)