ရန်ကုန်၊ မေ ၁
(၇၉)နှစ်မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းသန့်ရှင်းရေးနှင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့သည်။
သွေးလှူဒါန်းခြင်းကို မေ(၅)ရက်တွင် ကျရောက်မည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန္ဓေတပ်ဖွဲ့ဝင်(၈၅)ဦး၊ အရန်တပ်ဖွဲ့ဝင်(၂၉)ဦးတို့က စုပေါင်းသွေးလှူဒါန်းကြရာ ထိုသို့ သွေးလှူဒါန်းနေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးနှင့် တာဝန်ရှိသူများက အားပေးကြည့်ရှုကြရာ တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ ရန်ကုန်ပြည်သူ့ဆေးရုံးကြီး ဒေါက်တာ အောင်လင်းအေး ဆေးရုံအုပ်ကြီး(ပူးတွဲ)တို့က သွေးလှူဒါန်းနေမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦးလျှင် ကြက်ဥ(၁၀)လုံး၊ အားဖြည့်ရိက္ခာ(၄)မျိုးနှင့် ထောက်ပံ့ငွေများကို ပေးအပ်ကြသည်။
ထိုနောက် ဆေးရုံကြီး သန့်ရှင်းသပ်ရပ်ရေးအတွက် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်(၆၃၀)ဦးဖြင့် အဆင့်မြင့် မီးသတ်စက်ယာဉ်ဖြင့် ဆေးရုံ၏ အမိုးများ၊ နံရံများပေါ်တွင် ပေါက်နေသော အပင်များ ရှင်းလင်းခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်း၊ ဆေးရုံကြီးအတွင်းအပြင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost









No comments:
Post a Comment