နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ လယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ အလှူငွေ၊ ဆန်၊ ဆီနှင့် အားဖြည့်အချိုရည်များလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီးနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ လယ်ဝေးမြို့နယ်အတွင်းရှိ ငလျင်ဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ အလှူငွေ၊ ဆန်၊ ဆီနှင့် အားဖြည့်အချိုရည်များလှူဒါန်း





လယ်ဝေး  ၊  မေ ၁


နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါက်တာဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များ၏ဇနီးများ၊‌ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဧပြီ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက လယ်ဝေးမြို့နယ်အတွင်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့ အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့သည်။


ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါက်တာဒေါ်သီတာဇင်၊ နေပြည်တော်ကောင်စီဝင်များ၏ဇနီးများနှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့ ပုဏ္ဏမီဂုဏ်ဝေသီလရှင်စာသင်တိုက်သို့ရောက်ရှိပြီး  တိုက်အုပ်ဆရာကြီးဒေါ်ဇေယျသိင်္ဂီထံ အလှူငွေကျပ် သိန်း ၅၀ နှင့် ဆန်၊ ဆီ၊ အားဖြည့်အချိုရည်များအား လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ဇနီး ဒေါ်သီတာဇင်နှင့်အဖွဲ့သည် လယ်ဝေးမြို့ ဘုရားကြီးကျောင်းတိုက်သို့ရောက်ရှိပြီး ဆရာတော်ဘဒ္ဒန္တအရိယာဝံသအား ဖူးမြော်ကြည်ညိုကာ နဝကမ္မအလှူငွေ၊ ဆန်၊ ဆီနှင့် အားဖြည့်အချိုရည်များ ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် အမှတ်(၂) ရပ်ကွက်၊ သံလမ်းပရိယတ္တိစာသင်တိုက်သို့ရောက်ရှိကာ သံလမ်းကျောင်းဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တသုဇန အားဖူးမြော်ကြည်ညိုပြီး အလှူငွေကျပ် သိန်း၂၀ နှင့် ဆန်၊ ဆီများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။


ဝေကြည်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)