လစ်ဗျားမှာ သူတလူငါတမင်းနဲ့ လုပ်ကြံမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

လစ်ဗျားမှာ သူတလူငါတမင်းနဲ့ လုပ်ကြံမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေ


မေ - ၁၉ ( တနင်္လာနေ့ ) 

လစ်ဗျား၏ လုံခြုံရေး ညွှန်ကြားမှု အထောက်အကူပြု အေဂျင်စီ (DSA) က ထရီပိုလီမြို့က ရပ်ကွက်များတွင် ရက်ပေါင်းများစွာ ဆူပူအုံကြွမှုများဖြစ်ပွားနေရာ ဆန္ဒပြသူများနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးတဲ့ အေဂျင်စီ လက်ထောက်ခေါင်းဆောင် ဗိုလ်မှူးကြီး အလီအယ်လ်ဂျာဘရီ အား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု ဖြစ်ခဲ့တာကို တားဆီးလိုက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ 

လူနေထူထပ်သော အဘူဆလင်း ရပ်ကွက်တွင် အယ်လ်ဂျာဘရီက ဆန္ဒပြသမားတို့ရဲ့ တောင်းဆိုချက်များကို နားထောင်ရန်အတွက် ဆန္ဒပြသူများနှင့် တွေ့ဆုံခဲ့တယ်လို့ အေဂျင်စီက ပြီးခဲ့တဲ့ ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါတယ်။ 

"ဆန္ဒပြသူများနှင့် စကားပြောနေချိန်တွင် ဗိုလ်မှူးကြီး အယ်လ်ဂျာဘရီ ကို လုပ်ကြံရန် ကြိုးပမ်းဖို့အတွက် ကားတာယာတွေကို မီးရှို့ရာမှ မီးခိုးငွေ့များကြောင့် ဖြစ်ပေါ်လာသော မသဲကွဲမှုနဲ့  ပရမ်းပတာ အခြေအနေကို လုပ်ကြံလိုတဲ့သူတွေက အသုံးချခဲ့ပါတယ်” လို့ အေဂျင်စီက ဆိုပါတယ်။ အေဂျင်စီရဲ့ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာတွင် တပ်မှူးကို ပို့ဆောင်သည့် ယာဉ်ပေါ်တွင် ကျည်ဆန်ပေါက်များ ကို  ပြသထားသည့် ဗီဒီယိုကို လွှင့်တင်ခဲ့ပါတယ်။ 

လစ်ဗျားနိုင်ငံမှာ နိုင်ငံတကာအသိအမှတ်ပြု အမျိုးသားစည်းလုံးညီညွတ်ရေးအစိုးရ (GNU) ၏ ပြည်ထဲရေးဝန်ကြီး ဌာနအောက်တွင် လည်ပတ်နေသည့် အေဂျင်စီကို မြို့တော်တွင် နောက်ဆုံးဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီး အဘူဆလင်အား လုံခြုံစေရန် တာဝန်ပေးထားပါတယ်။  ပြီးခဲ့တဲ့ အပတ် တနင်္လာနေ့က ထရီပိုလီအခြေစိုက် GNU နဲ့ လက်တွဲထားတဲ့ ပြည်သူ့စစ်ခေါင်းဆောင် အဘ်ဒူဂါနီအယ်လ်ကစ်လီ လုပ်ကြံခံရ ပြီးနောက်မှာတော့ ထရီပိုလီမှာ အကြမ်းဖက်မှုတွေ၊ ပရမ်းပတာဖြစ်မှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ သတ်ဖြတ်မှု တွေက နေ့စဉ်လိုလိုဖြစ်ပွားနေပါတယ်။ 

လစ်ဗျားနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင် နေတိုးကျောထောက်နောက်ခံပြု လူထုအုံကြွမှုကြီးက ခေါင်းဆောင်ဟောင်း မွမ်မာ ကဒါဖီအား ကွပ်မျက်ခံရပြီးနောက် အချင်းချင်း အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာပြီး မငြိမ်သက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။ ထရီပိုလီနှင့် တိုဘရုခ်မြို့တို့တွင် ပြိုင်ဘက်အစိုးရများ ပေါ်ပေါက်လာပြီး တစ်ချိန်က ချမ်းသာကြွယ်ဝသော လစ်ဗျားနိုင်ငံရဲ့ အစိတ်အပိုင်းအသီးသီးကို ပြိုင်ဘက်အုပ်စုများက ထိန်းချုပ်ထားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)