မန္တလေးတောင်ခြေရှိ ဘုန်းတော်ကြီးကျောင်း (၅၀) အား ဗီယက်နမ်ဗုဒ္ဓဘာသာသံဃာ့အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့က ကျောင်းတိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း (၂၀) စီ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတောင်ခြေရှိ ဘုန်းတော်ကြီးကျောင်း (၅၀) အား ဗီယက်နမ်ဗုဒ္ဓဘာသာသံဃာ့အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့က ကျောင်းတိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း (၂၀) စီ လှူဒါန်း




အောင်မြေသာစံ ၊ မေ ၁၉


မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ခံကြရသော မန္တလေးတောင်ခြေရှိ ဘုန်းတော်ကြီးကျောင်း (၅၀) အား ဗီယက်နမ်ဗုဒ္ဓဘာသာသံဃာ့အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့က ကျောင်းတိုက်တစ်တိုက်လျှင် ငွေကျပ်သိန်း (၂၀) စီ လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မန္တလေးတောင်ခြေရှိ ရွှေညောင်ဂူကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားသို့  ဗီယက်နမ်ဗုဒ္ဓဘာသာသံဃာ့အဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့၊ အရှင်ဓမ္မပါလ (Thích Nhật Từ)ဗီယက်နမ်ဗုဒ္ဓဘာသာသံဃာအဖွဲ့ချုပ်၏ အမြဲတမ်းအလုပ်အမှုဆောင်အဖွဲ့ဝင်၊  ဗီယက်နမ်ဗုဒ္ဓဘာသာတက္ကသိုလ်၏ အမြဲတမ်းဒုတိယပါမောက္ခ  အရှင်ဓမ္မဇောတ (Thích Trí Chơn) ဗီယက်နမ်ဗုဒ္ဓဘာသာသံဃာအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ဝင်၊  အမျိုးသားဗုဒ္ဓ ဘာသာယဉ်ကျေးမှုဌာန၏ ဒုတိယဥက္ကဋ္ဌ။အရှင် သီရိဓမ္မ (Thích Hiển Đức)ဗီယက်နမ် ဗုဒ္ဓဘာသာသံဃာအဖွဲ့ချုပ်၏ ဥပဒေရေးရာကော်မတီ၏ ဒုတိယဥက္ကဋ္ဌနှင့် အရှင်စန္ဒိမာလာ(Thích Tâm Hòa)ဟိုချီမင်းမြို့ ဗုဒ္ဓဘာသာယဉ်ကျေးမှုဌာန၏ ဒုတိယညွှန်ကြားရေးမှူးတို့ ဦးဆောင်သော ဆရာတော် ၇ ပါး၊သီလရှင် ၁၀ ပါး၊ ဗီယက်နမ်နိုင်ငံသူ ၉ ဦးတို တက်ရောက်ကြပြီး မန္တလေးတောင်ခြေ၊ ရွှေညောင်ဂူကျောင်းတိုက်၊ မိုးကုတ်ရိပ်သာကျောင်း၊ သံဝေဇနိယအဆောင် (၉)ဆရာတော် ဘဒ္ဒန္တစန္ဒာသီရိ အမှူးပြုသော သံဃာတော်များကြွရောက်တော်မူကြသည်။


ရှေးဦးစွာသံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်တို့က နမောတဿသုံကြိမ်ရွတ်ဆို ဘုရားကန်တော့၍အခမ်းအနားကို ဖွင့်လှစ်ပေးကြပြီး ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ အမှတ်(၉၀)၊ ရမ္မာဝတီလမ်း၊ မဟာပုညဝိဟာရကျောင်းမှ ဗီယက်နမ်နိုင်ငံ သားဆရာတော် ဦးဝိမလက အလှူရှင်များကိုယ်စား လှူဒါန်းရခြင်းအကြောင်းရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မန္တလေးတောင်ခြေရှိ ဘုန်းတော်ကြီးကျောင်း ငါးဆယ်အား တစ်ကျောင်းတိုက်လျှင် သိန်းနှစ်ဆယ်နှုန်းဖြင့် စုစုပေါင်းသိန်းတစ်ထောင်ကိုတစ်ကျောင်းခြင်းဆက်ကပ်လှူဒါန်းကြရာ မိုးကုတ်ရိပ်သာကျောင်းဆရာတော်က ကျေးဇူးတင်စကားပြောကြားပြီး ဗုဒ္ဓသာသနံစိရံတိဠထု သုံးကြိမ်ရွတ်ဆိုဆုတာင်းကာ အခမ်းအနားကို ရုပ်သိမ်းကြသည်။


ဆက်လက်၍ဗီယက်နမ်ဘုန်းတော်ကြီးများနှင့်အဖွဲ့သည် နန်းတော်ရှေ့၊၆၂လမ်းပေါ်ရှိ ဝိဘဇ္ဇဝါဒီ ကျောင်းတိုက်တွင် မဟာဇေယျာဘုံရပ်ကွက်နှင့် အနှိပ်တော်ရပ်ကွက်များရှိ ဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင်ဆရာတော် အပါး ၅၀ အား အလှူငွေကျပ်သိန်းနှစ်ဆယ်စီ စုစုပေါင်းငွေကျပ်သိန်းတစ်ထောင်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။


မြင့်မော်ထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)