မြောက်ဥက္ကလာပ၊ မေ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်အဆင့်ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းကို မြို့နယ်ကျန်းမာရေးဦးစီးဌာန နှင့် ပညာရေးဦးစီးဌာနတို့ ပူး ပေါင်း၍ ယနေ့ နံနက် ၁၀ နာရီအချိန် အမှတ် (၁) အ ခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းက မြို့နယ်အဆင့်ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချပေးရခြင်း၏ ရည်ရွယ်ချက်ဖြစ် သော ကျောင်းရှိ ကျောင်းသားလူငယ်များ၏ ကျန်းမာ ရေး အဆင့် မြှင့်တင်ရန် ၊ ကျောင်းသားလူငယ်များ ကျန်းမာ ရေး ညီညွတ်သည့် လူနေမှု ဘ၀ ပုံစံများ သိရှိ ကျင့်သုံးစွဲမြဲစေရန် ၊ ကျောင်းသားလူငယ်များ ၊ပညာရေး ၀န်ထမ်းများ နှင့် ကျောင်းရှိလူအားလုံးအား ကျန်းမာ ရေး အဆင့် မြှင့်ကျောင်း လုပ်ငန်းစဉ်များ အတိုင်း ကျောင်းကျန်းမာရေး စောင့်ရှောက်မှု ပေးရန် ၊ကျောင်းကျန်းမာရေး လုပ်ငန်းမှတဆင့် တစ်မျိုးသားလုံး ကျန်းမာ ရေး အဆင့်မြင့်မားတိုးတက်လာ စေရန် စသည့် ရည်ရွယ်ချက်များဖြင့်ပို့ချ ပေးရခြင်းဖြစ် ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြများက မြို့နယ်အဆင့်ကျောင်းကျန်းမာရေးဆင့်ပွားသင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား အသေးစိတ် ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများ ဘုန်း တော်ကြီးသင်ပညာ ရေးသင်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများ ၉၄ ကျောင်းမှ မူလတန်း နှင့် အလယ်တန်းအဆင့် ဆရာ၊ ဆရာမများ တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလမှာ တစ်ရက်ကြာပို့ချ ပေးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment