ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က(၂၀၂၅-၂၀၂၆) ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က(၂၀၂၅-၂၀၂၆) ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး


ဒေးဒရဲ၊ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား  ၂၀၂၅ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁) နာရီတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးက (၂၀၂၅)ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင်  မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် ကြွေးဟောင်း၊ ကြွေးသစ်ပြေကျေသည့် တောင်သူများကိုထုတ်ချေးပေးသွားမည်ဖြစ်ရာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမည့် တောင်သူများအား ချေးငွေထုတ်ချေးသည့်စာချုပ်ပါ စည်းကမ်းချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)၊ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များက လမုဝကျေးရွာ‌အုပ်စုရှိ မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူ (၆၁)ဦး၊ ဧက(၃၄၄)ဧကအား တစ်ဧကလျှင် ငွေကျပ် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် ချေးငွေကျပ်သန်း(၅၁.၆၀)သန်းအား တောင်သူများ လက်ဝယ်အရောက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)