ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ရှေးဟောင်းအဆောက်အအုံများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး


မန္တလေး၊ မေ ၄

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ပလိပ်ဒေသ၊ မက္ခရာဒေသတို့ရှိ ရှေးဟောင်းအဆောက်အအုံများနှင့် တမုတ်ရွှေဂူကြီးဘုရားတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြွေဘုရားပရိဝုဏ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ရှေးဟောင်းအဆောက်အအုံများ၊ ကုန်းဘောင်ခေတ်လက်ရာ ရှေးဟောင်းအဆောက်အအုံစေတီဘုရား (၁၀၅)ဆူတည်ရှိသော ပလိပ်မြို့ ဗန်းမော်ကျောင်းတိုက် ပရိဝုဏ်အတွင်း ငလျင်ဒဏ်ကြောင့် ရှေးဟောင်းအဆောက်အအုံစေတီ ဘုရား(၉၃)ဆူ ထိခိုက်ပျက်စီးမှုတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်မြို့ ရွှေသာလျောင်းတောင်ရှိ ကျောက်သေတ္တာစေတီ ခိုင်ခံ့စွာ ဆက်လက်တည်မြဲစေရေးအတွက် ဆောင်ရွက်နေမှု၊ ဆည်တော်နံရွှေမုဋ္ဌောစေတီ၊ တမုတ်ဒေသရှိ တမုတ်ရွှေဂူကြီးဘုရားတို့သို့ သွားရောက်၍ ထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်သွားရန်မှာကြားပြီး အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မက္ခရာမြို့ဟောင်းသို့ သွားရောက်ခဲ့ပြီး ရွှေစည်းခုံစေတီတော်ကြီး၏ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများကို ကြည့်ရှုပြီး လိုဏ်အတွင်းရှိ နံရံဆေးရေးပန်းချီများ ထိခိုက်မှုမရှိအောင် အသေးစိတ်စစ်ဆေး၍ ဂရုစိုက်ဆောင်ရွက်ကြရန်နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ပူးပေါင်းကြီးကြပ်ကူညီဆောင်ရွက်ပေးရန် မှာကြားခဲ့ပြီး ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)