မြောက်ဥက္ကလာပ ၊ မေ၂၁
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်၌ ခြင်မှတဆင့်ကူးစက်တတ်သော ရောဂါကာကွယ်နိုင်ရန်အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက ယမန်နေ့နံနက်၇နာရီအချိန်(ခ)ရပ်ကွက်၊မဇ္ဈေလမ်းရှိနေအိမ်များတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊စေတနာ့၀န်ထမ်းများပူးပေါင်း၍ (ခ)ရပ်ကွက်၊မဇ္ဈေလမ်းရှိ နေအိမ်များသို့ သွားရောက်ကာ ခြင်မှတဆင့်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း ၊ ဖုံး ၊ သွန် ၊ လဲ ၊စစ် ပြုလုပ်ခြင်း ၊ ဘုရားပန်းအိုး ၊ရေစည်၊ ရေအိုးများတွင် ပိုးလောက်လမ်းရှိ၊မရှိစစ်ဆေးခြင်း၊ရေတွင်း၊ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment