ဗိုလ်တထောင်ခရိုင်၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်း (၁/၂၀၂၅) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်တထောင်ခရိုင်၌ ရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်း (၁/၂၀၂၅) ဖွင့်လှစ်





ဗိုလ်တထောင်ခရိုင်  ၊ မေ ၂၁


ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာနှင့် မိခင်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ကြီးမှူး၍ ဗိုလ်တထောင်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း အခြေခံအဆင့်သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။


ထိုဖွင့်ပွဲအခမ်းအနားတွင် ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဗိုလ်တထောင်ခရိုင် အမျိုးသမီရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်က ရှေးဦးပြုစုခြင်းအခြေခံအဆင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။


ထိုသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ ဗိုလ်တထောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်နှင့် ခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် နည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်းအင်အား ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


၎င်းနောက် သင်တန်းအား ဆက်လက်သင်ကြားပို့ချခဲ့ရာ ထိုသင်တန်းပို့ချနေမှုအား ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ ဇနီးများ၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုဆွေနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များသည် ၉ နာရီ ၄၅ မိနစ်အချိန်တွင် သင်တန်းသင်ကြားနေမှုအား လာရောက်အားပေးကြည့်ရှုခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်မော်မော်သန်းက သင်တန်းသားသင်တန်းသူများအား လမ်းညွှန်စကားပြောကြားခဲ့ပြီး Medical Box များ၊ သင်တန်းမှတ်စုစာအုပ်များ၊ သုံးထောင့်ပတ်တီးများ ထောက်ပံ့ပေးခြင်းနှင့် နေ့လည်စာကြက်ဆီထမင်းနှင့် သောက်ရေသန့်တို့အား ဝေငှပေးခဲ့ပြီး သင်တန်းသားသင်တန်းသူများနှင့် အမှတ်တရစုပေါင်းဓါတ်ပုံရိုက်ကြ၍ ၁၁ နာရီအချိန်တွင် ပြန်လည်ထွက်ခွာသွားကြောင်း သတင်းရရှိပါသည်။


ခင်ဝင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)