ကော့မှူး မေ ၂၁
လူငယ်များမျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အတွေးအခေါ်မှန်ကန်စေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်၁၁နာရီက ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်ကပြောကြားရာတွင် လူငယ်များ၏အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ဘဝများမြင့်မားတိုးတက်စေရန်လိုကြောင်း၊လူငယ်များအနေဖြင့် အတွေးအခေါ်မှန်ကန်ပြီးစစ်မှန်သော မျိုးချစ်စိတ်ဓာတ်များပေါ်ထွန်းလာစေရန် အထူးပင်အရေးကြီးပါကြောင်း၊မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပြီး မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြစေလိုပါကြောင်း၊လူငယ်များအနေဖြင့် အခွင့်အလမ်းကိုဖမ်းဆုပ်နိုင်ဖို့အတွက် မှန်ကန်သည့်အရည်အချင်းများတိုးတက်ဖို့လို့ပါကြောင်း၊တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်၊ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်သည့် လူငယ်များဖြစ်လာအောင် ကြိုးစားနေထိုင်ကြစေလိုကြောင်း၊လူငယ်များအနေဖြင့် ရည်မှန်းချက်ပန်းတိုင်ထားရှိသင့်ကြောင်း၊ရည်မှန်းချက်တစ်ခုထက်ပိုပါက အနည်းငယ်ခက်ခဲနိုင်ပြီး ဟိုစပ်စပ်သည်စပ်စပ်လုပ်နေလျှင် ရည်မှန်းချက်ပန်းတိုင်မရှိသူနှင့် ကွာခြားတော့မည်မဟုတ်ကြောင်း၊မည်သည့်အရာကို ရည်မှန်းသည်ဖြစ်စေ ရည်မှန်းချက်ပန်းတိုင်နှင့်အနီးဆုံးအခြေအနေရှိနေမှာရှိဖို့ အရေးကြီးပါကြောင်း၊လူငယ်ဆိုတာစပ်စုလေ့လာသင့်တယ်၊ရှာဖွေစူးစမ်းပြီး ကိုယ့်အရိပ်ကိုယ်ခိုနိုင်အောင် ကြိုးစား၍ ဗဟုသုတရှာဖွေသင့်ကြောင်း၊လူငယ်တိုင်းမှာ လူငယ်စိတ်၊လူငယ်အတွေး၊ လူငယ့်ရည်မှန်းချက်၊လူငယ်ပန်းတိုင်ရှိသင့်ကြောင်း စသည့်လူငယ်များနှင့်ပတ်သက်သော အကြောင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ကျော်သူရ
https://t.me/MyanmarNationalPost
No comments:
Post a Comment