မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သော ဖြူးချောင်းရေလှောင်တမံနှင့် ရဲနွယ်ရေလှောင်တမံများ ကြံ့ခိုင်လုံခြုံမှုအတွက် ပြုပြင်ဆောင်ရွက်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သော ဖြူးချောင်းရေလှောင်တမံနှင့် ရဲနွယ်ရေလှောင်တမံများ ကြံ့ခိုင်လုံခြုံမှုအတွက် ပြုပြင်ဆောင်ရွက်နေ


နေပြည်တော်၊ မေ ၂၅

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် သည် မေ ၂၂ ရက်နှင့် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက် ရှိတိုင်းဒေသကြီး ဦးစီးမှူးများနှင့် တာဝန်ရှိသူများကို သက်ဆိုင်ရာဒေသများ၌ တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ရေလှောင်တမံ၊ တာ၊ ရေတံခါးများ၏ ကြံ့ခိုင်မှုအခြေအနေများနှင့် ပတ်သက်၍ မိုးရာသီမတိုင်မီ ရေဘေးကာကွယ်ရေးလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ထားကြရန်၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ သည့် ဆည်၊ တာ/တမံများ၊ ရေသောက်စနစ်များအား ပြန်လည် ပြုပြင် မွမ်းမံထိန်းသိမ်းနိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လက်ရှိ ဆည်ရေပေးဝေ စိုက်ပျိုးထားသည့် ဧရိယာများကို လိုအပ်သည့် အောင်ရေရသည်အထိ ဆက်လက်ပေးဝေနိုင်ရေး၊ ယခုနှစ် နွေစပါး နှင့် နွေအခြားသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်ရေးနှင့် လာမည့်မိုးကာလ မိုးစပါးနှင့် မိုးအခြားသီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်စသည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ပဲခူးမြို့ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပဲခူးမြစ်တာ(ပန်းလှိုင်၊ ပုဏ္ဏားစု၊ မုန်တိုင်) တာမိုင် (၀/၀ မှ ၂/၀) အတွင်း အမြင့်ဆုံးတက်နိုင်သည့် မြစ်ရေမှတ်အထက်ထိ မြှင့်တင်၍ အခိုင်အမာပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာများ ဆွေးနွေးမှာကြား သည်။

ယင်းနောက် မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သော ဖြူးချောင်းရေလွှဲဆည်အားကြည့်ရှုစစ်ဆေးပြီး ရေလှောင်တမံနှင့် ရေလွှဲဆည် ထိခိုက်ပျက်စီးမှု အခြေအနေများကို  အချိန်နှင့်တစ်ပြေးညီ အသေးစိတ်သိရှိနိုင်ရန် (Dam Monitoring) စောင့်ကြည့်တိုင်းတာ စစ်ဆေးမှုများ အမြဲမပြတ်ဆောင်ရွက်ကြ ရန်၊ ရေလှောင်တမံနှင့် ဆက်စပ် ရေအား အဆောက်အအုံများ ဘေးကင်းလုံခြုံမှုအခြေအနေ မျက်မြင်စစ်ဆေးမှု အစီရင်ခံစာပါ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)