မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဒုတိယအကြိမ်ပြန်လည် ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဒုတိယအကြိမ်ပြန်လည် ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကျင်းပ


မြောက်ဥက္ကလာပ၊ မေ  ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက် ဥက္ကလာပမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများ ဒုတိယအကြိမ် ပြန်လည်ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လယ် ၁ နာရီ အချိန် မြို့နယ်သံဃနာယကရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခမ်းအနားကို မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ နှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ  ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးဘုန်းမြင့်  အဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြကာ  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘန္ဒန္တဉာဏန္ဒ၊ အဂ္ဂမဟာဂန္ဓဝါစက ပဏ္ဍိတ ဇလွန်ပရိယတ္တိ စာသင်တိုက်  ဦးစီးပဓာန နာယကဆရာ တော် အရှင်သူမြတ်မှ အဖွင့်  ဩဝါဒကထာ မြွတ်ကြားချီးမြှင့်ပြီး  မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင် ဒေါက်တာ ဘန္ဒန္တ သုမနဓဇ ဇေယျာသီရီကျောင်းဆရာ တော်  အရှင်သူမြတ်မှ အစည်းအဝေး ခေါ်ယူရခြင်းအကြောင်း ကို ရှင်းလင်းတင်ပြလျှောက်ထားခဲ့သည်။

ထို့နောက်အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ၂၀၂၅ ခုနှစ် ဒုတိယအကြိမ်မြောက် ပြန်လည် ကျင်းပနိုင်ရေးအတွက် အစည်းအဝေးသို့ တက်ရောက်လာ‌ကြသော တာဝန်ရှိသူများက လိုအပ်သည်များကို ဝိုင်းဝန်းဆွေးနွေးကြရာ မြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်‌ဆောင် ဒေါက်တာသုမနဓဇ ဇေယျာသီရီကျောင်းတိုက်ဆရာတော် အရှင်သူမြတ်မှ နိဂုံးချုပ်နိဂမနဂထာဖြင့် မြွတ်ကြားချီးမြှင့်ကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားအား ရုတ်သိမ်းခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)