ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့်ဘက်ရဲမြို့ရှိ ရပ်ကွက်များတွင် ခြင်မှတဆင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့ပေါ်ရပ်ကွက်များနှင့်ဘက်ရဲမြို့ရှိ ရပ်ကွက်များတွင် ခြင်မှတဆင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်





ကြံခင်း၊ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်နှင့် ပန်းကုံးရပ်ကွက် တို့တွင် ယနေ့ နံနက် ၇ နာရီကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက ခြင်မှတဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးအောင်ဆန်းထွန်း ကျန်းမာ ရေးမှူးအဆင့်(၁) ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့မရပ်ကွက်အုပ်ချုပ်မှူးနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင် များက ရပ်ကွက်ရှိနေအိမ်များမှ ရေတွင်း၊ ရေကန်များ၊ ဘုရားညောင်ရေအိုးများအား သွန်၊ ဖုံး၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း အသုံးမပြုသော ရေအိုးရေခွက်များ၊ တာယာကွင်းများထဲတွင် ရေဝင် ရောက်ပြီး ခြင်ပေါက်ပွားနိုင်သည့်အတွက် စနစ်တကျထားရှိကြရန် အသိပညာပေးဟောပြောခြင်း တို့ကို ဆောင်ရွက်ကြသည်။

အလားတူ မြို့ပေါ်ရပ်ကွက်များနှင့် ဘက်ရဲမြို့ရှိ ရပ်ကွက်များတွင် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ သွန်၊ ဖုံး၊ လဲ၊ စစ် လုပ်ငန်းများကို အပတ်စဉ် သောကြာနေ့တိုင်း သက်ဆိုင်ရာ စုရပ်များမှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)