မြောက်ဥက္ကလာပ၊ မေ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပညာရေးမှူးရုံးက ကြီးမှူး ၍ အခြေခံပညာမူလတန်း ၊အလယ်တန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် သင်တန်းကို မေလ ၁၈ ရက်နေ့မှ စတင်ကာ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ပေးပို့ချပေးလျက် ရှိကြောင်းသိရသည်။
မြောက်ဥက္ကလာမြို့နယ်တွင် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကိုမြို့နယ်အဆင့် (အလယ်တန်း၊ မူလတန်း)အဆင့်ရှိ ဆရာ၊ ဆရာမ များအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်း ကျင်လာစေရန် နှင့် သတ်မှတ်ထားသော စံညွှန်းကိန်းများ တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး သင်တန်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် ဆရာ၊ ဆရာမများ တက်ရောက် လျက်ရှိပြီး သင်တန်းကာလမှာ မေလ ၁၈ ရက်နေ့မှ၂၀ ရက်နေ့အထိ သုံးရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment