သထုံမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့နယ်၌ ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူ



သထုံ၊ မေ ၂၁

မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးမြေစိုက်ပိုစတာစိုက်ထူခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးနှင့် အ.ထ.က(၁)ကျောင်းအနီးတို့၌ စုပေါင်းပြုလုပ်ခဲ့ကြသည်။

မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်ထွေးနှင့် အခြခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” စာသားပါ ဗွီနိုင်းမြေစိုက်ပိုစတာကို စုပေါင်းစိုက်ထူခဲ့ကြသည်။

အဆိုပါမြေစိုက်ပိုစတာကို မြန်မာ့ပညာရေးစနစ် တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့် အခွင့်အလမ်းရရှိစေရေးတို့ကို ပြည်သူအများ ကျယ်ကျယ်ပြန့်ပြန်သိရှိစေရန် စိုက်ထူရခြင်းဖြစ်ပြီး ယခုနှစ် မေလ(၂၂)ရက်နေမှ ဇွန်လ(၁)ရက် နေ့အထိအား ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)