ပေါင်မြို့နယ်၌ စပါးမျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်းနှင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ စပါးမျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးပြသခြင်းနှင့် ကွင်းသရုပ်ပြပွဲ ဆောင်ရွက်





ပေါင်၊ မေ  ၂၁

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ စပါးမျိုးစေ့ချကိရိယာ(Seeder) ဖြင့် စိုက်နည်းစနစ်မှန်ကန်ရေး၊ကြဲခင်းစနစ်လျှော့ချနိုင်ရေး လက်တွေ့ အစေ့ချ စိုက်ပျိုးပြသခြင်းကို ယနေ့၊  နံနက်ပိုင်းက  သဗြုချောင်ကျေးရွာ  တောင်သူ ဦးထွန်းမောင် ၏ လယ်ယာမြေ၌ တာဝန်ရှိသူများ ပူးပေါင်းပြုလုပ်ခဲ့ကြသည်။

စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် လက်တွေ့အစေ့ချစိုက်ပျိုး ပြသခြင်းကို‌ သဗြုချောင်ကျေးရွာအုပ်စု ကွင်းအမှတ် (၇၅၀) ဦးပိုင်အမှတ် (၄၃/၁+၄၇/၁) ရှိတောင်သူဦးထွန်းမောင်၏ လယ်မြေ၌ပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဒုတိယဗိုလ်မှူးကြီးသန့်ဇင်ထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် နှင့်အဖွဲ့ဝင်များ၊မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးရဲမြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦး‌ကျော်စွာလှိုင်၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်ကျော်စွာဝင်း နှင့် တာဝန်ရှိသူများနှင့် ကျေးရွာတောင်သူများက ကြည့်ရှုအားပေးကာ ရှစ်တန်းသွား မျိုးစေ့ချကိရိယာဖြင့် မျိုးစေ့ချစိုက်ပျိုးရာ၌ ရရှိမည့် အကျိုး ကျေးဇူးများ၊ လိုအပ်သည့် နည်းပညာပံ့ပိုးပေးနိုင်မှုများကို ရှင်းလင်းပြောကြားပြီး လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ပေါင်မြို့နယ်အတွင်း မိုးစပါးစိုက်ကာလ၌ တောင်သူများအဆင်ပြေစွာ စိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက် လာစေနိုင်ရန် မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပေါင်မြို့နယ်အတွင်းရှိ တောင်သူများအတွက် မျိုးစေ့ချကိရိယာ (Seeder) များကို မွန်ပြည်နယ်အစိုးရအဖွဲ့မှ  အခမဲ့ထောက်ပံ့ပေးအပ်ထားပြီးဖြစ်ကြောင်း သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)