ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂ဝ၂၅) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂ဝ၂၅) ကျင်းပ



ရန်ကုန်၊ မေ ၇

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၏ (၅/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌ ပြုလုပ်သည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဧပြီလ(၄)ရက်နေ့က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်း(၄/၂၀၂၅)၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဖတ်ကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားရာ သင်္ကြန်ပွဲတော်အား ရိုးရာယဉ်ကျေးမှုနှင့်အညီ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသို့ နိုင်ငံတကာမှာရောက်ရှိလာသည့် ကူညီကယ်ဆယ်ရေးပစ္စည်းများအား ငလျင်ဘေးသင့်ဒေသများသို့ ပို့ဆောင်လျက်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုနှင့် ရံဖန်ရံခါလေပြင်းတိုက်ခတ်မှုများရှိနေသည့်အတွက် သက်ဆိုင်ရာဌာနတွေအနေနဲ့ ဖြစ်လေ့ဖြစ်ထရှိသော အသေးအဖွဲအန္တရာယ်များမှအစ ကြိုတင်ပြင်ဆင်ထားရှိရန် လိုအပ်ပါကြောင်း၊ မိုးရွာပြီးချိန်လမ်များပေါ်တွင် ရေတင်နေမှုများ မရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေမြောင်းပိတ်ဆို့မှုများမရှိစေရေး ဆောင်ရွက်ထားရှိရန်လိုအပ်ကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုများကို ထိထိရောက်ရောက်အရေးယူရန်ဖြစ်ကြောင်း၊ အနယ်နယ်အရပ်ရပ်မှ အကြောင်းအမျိုးမျိူးကြောင့် ရွှေ့ပြောင်းနေထိုင်မှုများရှိနေသည့်အတွက် ရပ်ကွက်များတွင် ဧည့်စာရင်းသေချာစွာ စစ်ဆေးဖို့လိုအပ်ကြောင်း၊ ဌာနဆိုင်ရာအကြီးအကဲများအနေဖြင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စာရွက်စာတမ်းလုံခြုံရေး ပေါ့လျော့မှုမရှိစေရေးလက်အောက်ဌာနများကို အမြဲမပြတ်မှာကြားကြပ်မှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်းနှင့် ထူးခြားဖြစ်စဉ်သတင်းများ ရှိလာပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြရန် လိုအပ်ကြောင်း ပြောကြားသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးနှင့် ဝန်ကြီးဌာနများ၏ လမ်းညွှန်ချက်များ၊ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများက ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)