ကြံခင်း၊ မေ ၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့ပေါ်ရပ်ကွက်များတွင် မိုးတွင်းကာလ ရေစီးရေလာ ကောင်းမွန်စေရေး တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ကွင်းစစ်ဆေးကြည့်ရှုကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင် ဦးဆောင်မှုဖြင့် မြို့နယ်ရဲတပ်မှူး ရဲမှူးကြည်စိုး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ လက်ထောက် ညွှန်ကြားရေးမှူး ဦးဌေးမြင့်အောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကိုကိုနိုင်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများပါဝင်သော ပူးပေါင်းအဖွဲ့များက ရပ်ကွက်များအတွင် ရေစီးရေလာ ကောင်းမွန်ရန်အတွက် ရေနှုတ်မြောင်းများတွင် အမှိုက်များ ပိတ်ဆို့မှု မရှိစေရေး၊ နေအိမ်များဆောက်လုပ်ရာတွင် ရေမြောင်းများအား ပိတ်ဆို့ဆောက်လုပ်ခြင်းများ ရှိမ/ရှိ၊ ရေမြောင်းမရှိသောနေရာများအား တူးဖော်စေခြင်း၊ မြို့အင်္ဂါရပ်နှင့်အညီ အမြင်တင့်တယ် စေရေးအတွက် ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment