မြောက်ဥက္ကလာမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်











မြောက်ဥက္ကလာပ၊ မေ ၂၃

ရန်ကုန်တိုင်းဒေသကြီး ၊ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံ ရေး အခမ်းအနားကိုယနေ့နံနက် ၉ နာရီအချိန်  အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ခ‌ရေခန်းမတွင်ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို  အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “မြန့်မာ့ကျောင်း"သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြင့်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဆရာမကြီး  ဒေါ်မို့မို့ခိုင်က ကျောင်းအပ်နှံ ရေး နှင့် ပတ်သက်၍ ရှင်း‌‌လင်း ပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးအပ်သော အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်ကျောင်းသား/ကျောင်းသူများအတွက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ ၊ ခဲတံနှင့် ဘောပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းမြင့် နှင့် အဖွဲ့ဝင်များ ၊မြို့နယ်ပညာရေးမှူး နှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။

ယင်းနောက် မြောက်ဥက္ကလာပမြို့နယ် YMBA အသင်း နှင့် ကိုယ်ပိုင် ကျောင်းများမှ ထောက်ပံ့လှူဒါန်း သော ဗလာစာအုပ်များအား တာဝန်ရှိသူများထံ လှူဒါန်းပေးအပ်ခဲ့ကြပြီး အမှတ်(၁) အ‌ခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများက "ဇာတိမာန်"သီချင်းဖြင့်  သီဆိုဖျော်ဖြေကာ အခမ်းအနားအား ရုတ်သိမ်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းမြင့် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး  ဒေါ်မို့မို့ခိုင် ၊ YMBA အသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊  ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ကိုယ်ပိုင်ကျောင်း မှ တာဝန်ရှိသူများ၊ မိဘများနှင့် ကျောင်းသား ၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)