ကြံခင်း၊ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်၌ အပတ်စဉ် သောကြာ နေ့တိုင်း သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးနှင့် ကျန်းမာရေးဝန်ထမ်း များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်မှူးနှင့် စာရေးများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာစုရပ်များမှစတင်၍ လူနေအိမ် များမှ ရေတွင်း၊ ရေကန်များ၊ ဘုရားညောင်ရေအိုးများအား သွန်၊ ဖုံး၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက် ခြင်း အသုံးမပြုသော ရေအိုးရေခွက်များ၊ တာယာကွင်းများထဲသို့ ရေဝင်ရောက်ပြီး ခြင်ပေါက်ပွား နိုင်သည့်အတွက် စနစ်တကျထားရှိကြရန် အသိပညာပေးဟောပြောခြင်းနှင့် အဘိတ်ဆေးခတ်ခြင်း တို့ကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment