ကြံခင်း၊ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ သုခစံ အထူးကု ဆေးခန်း၌ ယမန်နေ့ ညနေပိုင်းက ဆင်းရဲနွမ်းပါးမျက်စိဝေဒနာရှင်များအား ခွဲစိတ်ကုသနိုင်ရန် အလှူ ရှင်မိသားစုမှ မတည်အလှူငွေ ကျပ်သိန်း ၃၀၀ လှူဒါန်းပွဲကျင်းပခဲ့သည်။
ထိုသို့ လှူဒါန်းရာတွင် မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ လှထွန်းဇော်နှင့် သမားတော် ဦးကျော်ကိုကို၀င်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ တက်ရောက်ကြပြီး ဇွန်လ ဒုတိယအပတ်တွင် ခွဲစိတ်ကုသနိုင်ရေးနှင့် ဆင်းရဲနွမ်းပါးမျက်စိဝေဒနာရှင်များ ခွဲစိတ်မည့် လူဦးရေ၊ စားသောက်ရေးတို့ကို ဆွေးနွေးကြသည်။ အဆိုပါ ဆင်းရဲနွမ်းပါးမျက်စိဝေဒနာရှင်များ ခွဲစိတ်နိုင်ရန် ရန်ကုန်မြို့နေ ဦးဝင်းသူ၊ ဒေါ်အေးသီတာ(သား) မောင်အောင်မိုးမြင့်၊ မောင်ဇေယျာဝင်းသူ Zayar Moe Myint Company မိသားစုမှ သားကြီး မောင်အောင်မိုးမြင့် ၏ အသက် ၁၆ နှစ်ပြည့်မွေးနေ့အလှူအတွက် စက္ခုအလင်း ဒါန အလှူတော်ငွေ ကျပ်သိန်း (၃၀၀) လှူဒါန်းရာ မြို့နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး၊ သမားတော်နှင့် အလှူင်များကိုယ်စား တာဝန်ယူဆောင်ရွက်မည့် ဦးကျော်မင်းသူ(သုခစံ-အထူးကု ဆေးခန်း)ပိုင်ရှင် တို့က လက်ခံရယူကြသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ဆင်းရဲနွမ်းပါးမျက်စိဝေဒနာရှင်များအား ဇွန်လ ဒုတိယအပတ် တွင် ရန်ကုန်မြို့မှ မျက်စိပါရဂူများက ပုဂံပြန်ဘုန်းတော်ကြီးကျောင်းတိုက်၌ စမ်းသပ်ပြီး ခွဲစိတ်ရန် လိုအပ်သော လူနာများအား ဇွန်လ တတိယအပတ်တွင် ပန်းတနော်မြို့နယ်သို့ မော်တော်ယာဉ်များ ဖြင့် ပို့ဆောင်၍ အခမဲ့ ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သုခစံ၊ အထူးကု ဆေးခန်း ပိုင်ရှင်ထံမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment