(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲများ ယှဥ်ပြိုင်ရန်အတွက် ကာယဗလအားကစားသမားများအား ပဏာမရွေးချယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲများ ယှဥ်ပြိုင်ရန်အတွက် ကာယဗလအားကစားသမားများအား ပဏာမရွေးချယ်




ရန်ကုန်  ၊ မေ ၁၉


မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်က ကြီးမှုး၍ (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲယှဥ်ပြိုင်ရန်အတွက် ကာယဗလအားကစားသမားများအား ပဏာမရွေးချယ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြိုနယ်၊ စက်ရုံလမ်းရှိမြို့တော်စည်ပင်ဝန်ထမ်းအိမ်ရာ (မအူကုန်း) အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။ 


ရှေးဦးစွာ အမျိုးသားကာယဗလ ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀ကီလိုတန်းနှင့် ၈၀ ကီလိုတန်းအထက်ပြိုင်ပွဲ၊ Men's Athletic up to 160 cm နှင့် up to 157. Men's Athletic over 167 cm Men's Sport Physique up to 170 cm up to 175 cm.:Men's Sport Physique Over 175 cm. ၊Men's Athletic up to 182 cm . အမျိုးသမီး Athletic up to 165 cm. အမျိုးသမီး Model Physique up to 160 cm၊. အမျိုးသမီး Moiel Physique up to 155 cm၊ အမျိုးသမီး Model Phsique over 165 cm, အမျိုးသမီး Model Physique up to 170 cm. ပြိုင်ပွဲများ ကျင်းပရာ အားကစားသမားများက ကိုယ်ခန္ဓာအချိုးအစားကျစ်လစ်ခိုင်မာမှုကို သတ်မှတ်ကိုယ်ဟန်ခုနှစ်မျိုးဖြင့် ယှဉ်ပြိုင်ကြသည်။


ပြိုင်ပွဲအပြီးတွင် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲအတွက် အားကစားသမား ၁၂ ဦး၊ (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲအတွက် အားကစားသမား ၁၀ ဦး စုစုပေါင်း ၂၂ ဦးတို့အား မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ


(ဒုတိယမြို့တော်ဝန်) ဦးညီညီနှင့် တာဝန်ရှိသူများက အကဲဖြတ်စီစစ်ပဏာမရွေးချယ်ခဲ့ကြောင်း သိရသည်။


အောင်မြင့်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)