မိုးညို ၊မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အ.ထ.က (မိုးညို) ကျောင်းတွင် အခြေခံပညာအလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ဆရာ/ဆရာမများအား ဘာာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို မေလ ၁၈ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ မူလတန်းအဆင့် သင်တန်းတက်ရောက်သူ ဆရာ၊ ဆရာမ ၇၇၇ ဦး၊ နည်းပြ ၅၀ ဦးဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် သင်တန်းတက်ရောက်သူ ဆရာ၊ ဆရာမ ၂၂၆ ဦး၊ နည်းပြ ၁၈ ဦးဖြင့်လည်းကောင်း၊ စုစုပေါင်း သင်တန်းတက်ရောက်သူ ဆရာ၊ ဆရာမ ၁၀၀၃ ဦးနှင့် နည်းပြ ၆၈ ဦးတို့က မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ ဘာသာရပ်များအား ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုမင်း
https://t.me/MyanmarNationalPost

No comments:
Post a Comment