ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများဆက်လက်ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ယာယီနေရပ်စွန့်ခွာရောက်ရှိနေသည့် ပြည်သူများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများဆက်လက်ပေးအပ်





ဒဂုံမြောက်  ၊ မေ ၈


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သော ‌ဒုတိယအကြိမ်ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက (၃၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် (၅၀)ရပ်ကွက်၊ ဓမ္မာရုံတို့၌ ပေးအပ်ခဲ့‌ကြောင်းသိရသည်။


အဆိုပါ ဒုတိယအကြိမ်ထောက်ပံ့ငွေများအား ယာယီနေရပ်စွန့်ခွာ၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ရောက်ရှိနေသည့် ပြည်သူများအား လက်ဝယ်အရောက် ပေးအပ်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ အဖွဲ့ဝင်များက ပြည်သူများထံ တစ်ဦးလျှင်တစ်လ ထောက်ပံ့ငွေကျပ် ၂၀၀၀၀/-နှုန်းစီဖြင့် ၂၀၂၅-ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လ နှစ်လစာအတွက် တစ်ဦးလျှင် ငွေကျပ် ၄၀၀၀၀/-အား နေရပ်စွန့်ခွာ ပြည်သူများနှင့်  ဝန်ထမ်းမိသားစုများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်သို့ ယာယီနေရပ်စွန့်ခွာ၍ ရောက်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်း လူဦးရေ (၇၃၁)ဦးရှိ၍ ထောက်ပံ့ငွေ ကိုယ်တိုင်လာရောက်မထုတ်ယူနိုင်သည့် ပြည်သူများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး များမှတစ်ဆင့်  ပေးအပ်လျက်ကြောင်း သိရသည်။


မြင့်မြင့်ရီ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)