မုဒုံ ၊ မေ ၈
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ခုနှစ် မိုးစပါးတိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) စနစ်ဖြင့် စိုက်ပျိုးခြင်း တောင်သူပညာပေးကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျောက်တလုံးကျေးရွာ ကွင်းအမှတ် (၈၂၈) ဘုရားကျောင်းကွင်း၌ ပြုလုပ် သည်။
ကွင်းသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအဖွဲ့ဝင် ဦးကျော်မြင့်၊ ခရိုင်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့် အဖွဲ့ဝင်များက မိုးစပါးမျိုးစေ့ချကိရိယာ (Seeder) ဖြင့် လက်တွေ့စိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က တောင်သူများအား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးခြင်းသည် ကြဲခင်းစနစ်တွင် အထွက်နှုန်းတိုးတက်စေရန်အတွက် တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စနစ်တကျဆောင်ရွက်ခြင်း၊ အတန်းလိုက်စနစ်ဖြစ်ခြင်း၊ အပင်ပေါက်ညီညာခြင်း၊ အပင်ပြုစုထိန်းသိမ်းရာတွင် လွယ်ကူစေခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရာတွင် စနစ်တကျဆောင်ရွက်နိုင်ခြင်း၊ အပင်အာဟာရနှင့် လေဝင်လေထွက်စနစ် ကောင်းမွန်ခြင်းကြောင့် တစ်ဧကအထွက်နှုန်းတိုးတက်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက သစ်စိမ်းမြေသြဇာထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲသို့ ကြည့်ရှုအားပေးကာ မိုးစပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန်အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ရာမည
https://t.me/MyanmarNationalPost
No comments:
Post a Comment