မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၈၄ လမ်း၊ ၃၄x၃၅လမ်းကြား၊ အမှတ်(၅၅၂)၊ ဦးပိုင်အမှတ်(၁၂/၁၄)ရှိ မြေပေါ်တွင် ဗုဒ္ဓဘာသာမိသားစု(၃)စု လူဦးရေ(၉)ဦး နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်း(၈၀)ကျော်ရှိပြီးဖြစ်ပါသည်။ ထိုသို့ နေထိုင်လာရခြင်းမှာလည်း (၈. ၃. ၁၉၇၇)ခုနှစ် ကတည်းက တရားရုံးအဆုံးအဖြတ်အရ (တရားဝင်) နေထိုင်လာသူများ ဖြစ်ပါသည်။
ထိုသို့ တရားဝင်နေထိုင်လာသည့် ဗုဒ္ဓဘာသာမိသားစု (၃)စုအား (၅. ၅. ၂ဝ၂၅)ရက်နေ့ တွင် အနောက်အပ်ချုပ်ဝင်းဗလီ၏ ဂေါပကအတွင်းရေးမှူး ဇော်ထွန်းဝင်း ဦးဆောင်၍ လူအင်အား သုံးကာ အေးချမ်းစွာနေထိုင်သော ဗုဒ္ဓဘာသာဝင်မိသားစုများ နေထိုင်၍ မရအောင် ဥပဒေမဲ့ ဝင်းခြံခတ်သွပ်ပြားကာရံခဲ့ပါသည်။ မင်းမဲ့စရိုက်ဆန်စွာ သွပ်ပြားကာရံပိတ်ဆို့ခဲ့သဖြင့် မိသားစုဝင်များမှာ လမ်းဘေးတွင် အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် ဒုက္ခမျိုးစုံ ကြုံတွေ့နေရပါသည်။
သို့ပါ၍ လမ်းဘေးရောက်နေသည့် ဗုဒ္ဓဘာသာမိသားစုဝင်(၉)ဦးအပေါ် ဥပဒေနှင့်အညီ အကာအကွယ်ရရှိရေးနှင့် ယခင်နေထိုင်သည့်နေရာ၌ ပြန်လည်နေထိုင်ခွင့်ရရှိရေး ဆောင်ရွက်ပေးပါရန်၊ ကျူးကျော်ဝင်ရောက် ဝင်းခြံခတ်ခဲ့သည့် အနောက်အပ်ချုပ်ဝင်းဗလီ ဂေါပကအတွင်းရေးမှူးနှင့် နောက်လိုက်များအား တာဝန်ရှိသူများမှ အမြန်ဆုံးအရေးယူပေးပါရန် တိုင်ကြားပါသည်။
မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment