ကြံခင်းမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်(မြို့မ)တွင် လူထုဖြန့်ပျိုးပင် ၂၃၀၀၀ ပျိုးထောင်ထားရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြံခင်းမြို့နယ် စိမ်းလန်းစိုပြည်ရေးအတွက် မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်(မြို့မ)တွင် လူထုဖြန့်ပျိုးပင် ၂၃၀၀၀ ပျိုးထောင်ထားရှိ




ကြံခင်း၊ မေ  ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး၊ သဘာဝတောများကောင်းမွန် စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့်  ရာသီဥတုအပူဒဏ် ကာကွယ်နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပြည်သူလူထုထံသို့ ဖြန့်ဝေစိုက်ပျိုးနိုင်ရန် ပျိုးပင်ပေါင်း ၂၃၀၀၀ ကို မြို့မဘိနယ် လူထုဖြန့်ပျိုးဥယျာဉ်၌ ပျိုးထောင်ထားရှိသည်။

အဆိုပါ မြို့မဘိနယ် လူထုဖြန့်ပျိုးဥယျာဉ်တွင် ကျွန်း ၁၀၀၀၀၊ မန်ဂျန်ရှား ၄၀၀၀၊ မဟော်ဂနီ ၁၀၀၀၊ ပျဉ်းကတိုး ၁၀၀၀၊ ယူကလစ် ၄၀၀၀၊ ကံ့ကော် ၅၀၀၊ ပိတောက် ၂၀၀၀၊ စိန်ပန်း ၅၀၀ စုစုပေါင်း ပျိုးပင် ၂၃၀၀၀ အားလည်းကောင်း၊ သစ်ဆိမ့်ကိုင်းဘိနယ်တွင် စုစုပေါင်း ပျိုးပင် ၂၃၀၀၀၊ ကြိုပင်စု ဘိ နယ်တွင် စုစုပေါင်း ပျိုးပင် ၂၃၀၀၀၊ ပိုးစုကြီး ဘိနယ်တွင် စုစုပေါင်း ပျိုးပင် ၂၃၀၀၀၊ ဆိပ်သာဘိနယ် တွင် စုစုပေါင်း ပျိုးပင် ၇၀၀၀ နှင့် ဘက်ရဲ ဘိနယ်တွင် စုစုပေါင်း ပျိုးပင် ၂၁၀၀၀ စုစုပေါင်း ဘိနယ်(၆) ခုတွင် စုစုပေါင်း ပျိုးပင် ၁၂၀၀၀၀ စိုက်ပျိုးထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။


ဖြိုးဝေလင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)