မြောက်ဥက္ကလာပမြို့နယ်၌ အသက် (၁)နှစ် မှ (၅)နှစ် အတွင်းရှိ ကလေးအား ဂျပန်ဦး‌နှောက်ရောင်‌ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်၌ အသက် (၁)နှစ် မှ (၅)နှစ် အတွင်းရှိ ကလေးအား ဂျပန်ဦး‌နှောက်ရောင်‌ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိ





မြောက်ဥက္ကလာပ၊ မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာမှ အသက် (၁)နှစ် မှ (၅)နှစ် အတွင်းရှိ ကလေးအား ဂျပန်ဦး‌နှောက်ရောင်ရောဂါ (Japanese Encephalitis) ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယနေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် ရပ်ကွက်များအတွင်း ဆက်လက်ကွင်းဆင်း ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင်  မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်၍  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်‌ရေး အဖွဲ့များ နှင့် တာ၀န်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့များက ရပ်ကွက်များတွင် ကာကွယ်ဆေးထိုး စုရပ်နေရာများသတ်မှတ်၍ ထိုးနှံပးလျက်ရှိရာ  ယနေ့နံနက်ပိုင်း(စ)ရပ်ကွက် ၊ (င)ရပ်ကွက် ၊ (၂) ရပ်ကွက် ၊ ကျောက် ရေတွင်းရပ်ကွက် ၊ (ဌ)ရပ်ကွက် ၊ (ဋ)ရပ်ကွက် ၊ ဝေဘာဂီရပ်ကွက် ၊ ရွှေပေါက်ကံ ၂၁ ရပ်ကွက်များအတွင်းရှိ အသက် (၁)နှစ် မှ (၅)နှစ် အတွင်းရှိ ကလေးအား ကျန်းမာ ရေး၀န်ထမ်းများက အုပ်စုများ ခွဲ၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese Encephalitis)  ကာကွယ်ဆေး ထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိအသက် (၁)နှစ် မှ (၅)နှစ် အတွင်းရှိ လျာထားထားကလေးငယ် ၈၀၇၀ ဦးအား ထိုးနှံပေးမည်ဖြစ်ရာကာကွယ်ဆေး ထိုးနှံပေးခြင်းကို ၂၀၂၅ ခုနှစ် မေလ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ  သတ်မှတ်စုရပ်နေရာများတွင်  အုပ်စုများခွဲ၍ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။ 


သက်လွင်စိုး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)