ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပို့ချချက်များအား အမှန်တကယ်နားလည်တတ်မြောက်အောင် ကြိုးစားသင်ယူသွားကြပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူငယ်လူရွယ်များဖြစ်အောင် အစဉ်တစိုက်ကြိုးစားသွားကြရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းသား ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပို့ချချက်များအား အမှန်တကယ်နားလည်တတ်မြောက်အောင် ကြိုးစားသင်ယူသွားကြပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူငယ်လူရွယ်များဖြစ်အောင် အစဉ်တစိုက်ကြိုးစားသွားကြရမည်


နေပြည်တော်၊ မေ ၂၄

၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအသီးသီးတို့တွင် တက်ရောက် ပညာသင်ကြားကြမည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားကြရာတွင် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ပထမအကြိမ် ကျောင်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း၊ အမှုထမ်းများက အွန်လိုင်းမှ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများ၏ သားသမီး ကျောင်းသား ကျောင်းသူများ ပညာသင်ကြားရေးအတွက် ပညာသင်ထောက်ပံ့ပေးအပ်မှုများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင် ကျောင်းသုံးပစ္စည်းများကို ပထမအကြိမ်၊ ဒုတိယအကြိမ်ခွဲခြား၍ ပေးအပ်နိုင်ရေးစီစဉ်ထားရှိပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းမှာ ဝန်ထမ်းများ၏ သားသမီးများ ပညာသင်ကြားကြရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ကျောင်းနေအရွယ် လူငယ်လူရွယ်များအတွက် မြင့်မားသောပညာ ရေးစနစ်ရရှိစေရန် မိဘများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများအနေဖြင့် သတ်မှတ်ပြဋ္ဌာန်းထားသော ကျောင်းပညာရေးသာမက ပြင်ပဗဟုသုတများပါ ကြိုးစားသင်ယူကြရန်နှင့် ကျောင်းမှ သင်ကြားပို့ချချက်များအား အမှန်တကယ်နားလည်တတ်မြောက်အောင် ကြိုးစားသင်ယူသွားကြပြီး နိုင်ငံတော်က အားကိုးအားထားပြုရသည့် လူငယ်လူရွယ်များဖြစ်အောင် အစဉ်တစိုက် ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် အတန်းလိုက် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား ကျောင်းသူများထံသို့ ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်သင်တန်းများမှ သင်တန်းထူးချွန်ဆုရရှိခဲ့သည့် ဝန်ထမ်းများအား ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)