အကြမ်းဖက်လုပ်ရပ်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း (၄၂၂၈) ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လုပ်ရပ်များကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း (၄၂၂၈) ကျောင်း ဖွင့်လှစ်နိုင်ခြင်း မရှိ


နေပြည်တော်၊ မေ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အကြမ်းဖက်လှုပ်ရှားများ ရှိနေသည့် မြို့နယ်များတွင် တချို့စာသင်ကျောင်းများ စာသင်ကြားနိုင်ခြင်း မရှိဘဲ အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်စခန်း၊ လက်နက်ထုတ်လုပ်တဲ့နေရာ ဖြစ်နေခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ပညာရေးဝန်ကြီးဌာနမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းပေါင်း ၅၄၉၀ ကျောင်းရှိပြီး ၂၀၂၄ -၂ဝ၂၅ ပညာသင်နှစ်တွင် ၁၂၆၂ ကျောင်းဖွင့်လှစ်ခဲ့ပြီး ဒေသအခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းမှာ ၄၂၂၈ ကျောင်းရှိပါကြောင်း ဖြေကြားထားသည်။

တချို့စာသင်ကျောင်းများကို အကြမ်းဖက်သမားများက NUG အကြမ်းဖက်အဖွဲ့ရဲ့ ကြားကာလကျောင်း အဖြစ်ဖွင့်လှစ်ထားပြီး တရားမဝင် အကြမ်းဖက်သမားတွေက ဖွင့်နေတဲ့ ကျောင်းအရေအတွက်နှင့် ပတ်သက်၍ သီးခြား ဖြေကြားခြင်းမရှိပေ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)