မေ - ၄ ( တနင်္ဂနွေနေ့)
အိန္ဒိယသည် ပါကစ္စတန်နိုင်ငံအပေါ် ပြင်းထန်သော ဒဏ်ခတ်အရေးယူမှု အများအပြားကို စနေနေ့က ကြေညာခဲ့ပြီး သွင်းကုန်အားလုံးကို ရပ်ဆိုင်းခြင်း၊ စာပို့ဝန်ဆောင်မှုများကို ဆိုင်းငံ့ထားခြင်းနဲ့ ပါကစ္စတန် သင်္ဘောများ ဆိပ်ကမ်းသို့ ဆိုက်ကပ်ခွင့်ကို ငြင်းပယ်ခဲ့ပါတယ်။ အရပ်သား ၂၆ ဦး သေဆုံးခဲ့ရတဲ့ ကက်ရှ်မီးယားတောင်ပိုင်းက ပါဟယ်ဂမ် မှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီးနောက်မှာ နယူးဒေလီအစိုးရက အစ္စလာမာဘတ်အစိုးရကို အစောပိုင်းမှာ သံတမန်ရေးရာ ဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ပေမဲ့ ထူးခြားမှု မရှိလာတဲ့ အတွက် အခုလိုပဲ ဖြတ်တောက်မှုတွေက စလုပ်တော့တာပါ။
မေလ ၂ ရက်နေ့တွင် နိုင်ငံခြားကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်သော အမိန့်ကြော်ငြာစာတွင် “လွတ်လပ်စွာ တင်သွင်းနိုင်သည်ဖြစ်စေ အခြားနည်းဖြင့် ခွင့်ပြုသည်ဖြစ်စေ ပါကစ္စတန်နိုင်ငံမှ တင်သွင်းလာသော ကုန်ပစ္စည်းအားလုံးကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် တင်သွင်းခြင်း သို့မဟုတ် ဖြတ်သန်းခြင်းအား တားမြစ်ပိတ်ပင်သည်”ဟု ပါရှိပါတယ်။
ပါကစ္စတန်မှ အိန္ဒိယသို့ သွင်းကုန်သည် ၂၀၂၄ ခုနှစ် ဧပြီလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအထိ ကန်ဒေါ်လာ ၂. ၈ သန်းသာ ရှိခဲ့ကြောင်း Times of India မှ ကိုးကားဖော်ပြသော ကုန်သွယ်မှုအချက်အလက်များအရ သိရပါတယ်။ အိန္ဒိယမှ ပါကစ္စတန် သို့ တင်ပို့မှုသည် ဒေါ်လာ ၁.၁၈ ဘီလီယံဖြစ်ပြီး အော်ဂဲနစ်ဓာတုပစ္စည်းများနှင့် ဆေးဝါးများ က အများစုဖြစ်ပါတယ်။ ၂၀၂၂ -၂၃ တွင် အိန္ဒိယသည် ပါကစ္စတန်သို့ ဒေါ်လာ ၆၂၇ သန်းခန့် တန်ဖိုးရှိ ကုန်ပစ္စည်းများ တင်ပို့ခဲ့ပြီး ဒေါ်လာ သန်း ၂၀ တန် ကုန်ပစ္စည်းများကို တင်သွင်းခဲ့ပါတယ်။
အိန္ဒိယက ပါကစ္စတန်ကို ကုန်တင်သွင်းခြင်း လုံးဝပိတ်လိုက်ပြီဖြစ်ပါတယ်။ ပါကစ္စတန် ကုန်တွေကို အသွင်းမခံရုံ မကဘဲ အိန္ဒိယကုန်တွေကိုပါ ပါကစ္စတန်သို့ မပို့တော့ပါ။ ပါကစ္စတန်သင်္ဘောတွေကို အကပ်မခံသလို အိန္ဒိယသင်္ဘောတွေကိုလည်း ပါကစ္စတန်သို့ မသွားခိုင်းတော့ပါ။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment