တရုတ်တွေ ငါတို့သွေးကိုတော့ လာမစုပ်နဲ့၊ စုပ်ချင်ရင် အင်္ဂလန် နဲ့ အီးယူကိုသွားလို့ အမေရိကန် အစိုးရ ကုန်သွယ်ရေး အကြံပေးပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တရုတ်တွေ ငါတို့သွေးကိုတော့ လာမစုပ်နဲ့၊ စုပ်ချင်ရင် အင်္ဂလန် နဲ့ အီးယူကိုသွားလို့ အမေရိကန် အစိုးရ ကုန်သွယ်ရေး အကြံပေးပြော


မေ - ၄ ( တနင်္ဂနွေနေ့ ) 

ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးအကြံပေး ပီတာနာဗာရို က "တရုတ်ကို ထိတွေ့မှုနှင့်စပ်လျဉ်းပြီး" အန္တရာယ်ရှိသော ကမ္ဘာ့စီးပွားရေးများကို သတိပေးခဲ့ပြီး "တရုတ်သွေးစုပ်ဖုတ်ကောင်" သည် အမေရိကန်သွေးကို လာမစုပ်ပါနဲ့ စုပ်ချင်ရင် ယူကေနဲ့ အီးယူကိုသွားပါလို့ ပြောသွားပါတယ်။ 

ဘေဂျင်းအစိုးရက နိုင်ငံရေးပါဝါပျော့ကိုသုံးပြီး အခြားနိုင်ငံတွေကို လက်ဆောင်ပေးသလိုလို၊ အကူအညီပေးသလိုလိုနဲ့ သူတို့ရဲ့ ဩဇာကို တည်ဆောက်နေပါတယ်။ ဒါကို ဗြိတိန် က မသိလိုက်မသိဖာသာ ကြိုက်နေပြီး  "တရုတ်ကွန်မြူနစ်ပါတီရဲ့ ကျေးကျွန်တစ်ဦးဖြစ်နေတယ်" လို့ စွပ်စွဲခဲ့ပါတယ်။

တယ်လီဂရပ်သတင်းဌာန နှင့် အင်တာဗျူးတစ်ခုတွင် နာဗာရိုက  ဗြိတိသျှအစိုးရအား "ကြိုးတန်းဆွဲလက်ဆောင်များ" ကို တွန်းလှန်ရန်နှင့် US သို့ရောင်းချ၍မရတော့သော တရုတ်ကုန်ပစ္စည်းများအတွက် "အမှိုက်ပုံကြီး" ဖြစ်လာခြင်းမှ ရှောင်ကြဉ်ရန် အကြံပေးခဲ့ပါတယ်။ 


REF: Hindustan times

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)