မေ- ၄ ( တနင်္ဂနွေနေ့ )
ယီမင်နိုင်ငံရှိ ဟူသီသူပုန်များက ဒီကနေ့ နံနက်ပိုင်းမှာ အစ္စရေးနိုင်ငံရဲ့ အဓိကလေဆိပ်ကို ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒုံးကျည်က မြို့တော်ဟောင်း တဲ့လ်အဗစ် အနီးရှိ ဘန်ဂူရီယွန် လေဆိပ်ဝန်းအတွင်း သို့ ဝင်ရောက်ရာ လမ်းတစ်ခုအနီးရှိ တောအုပ်တစ်ခုအား ထိမှန်သွားခဲ့ပါတယ်။ အနည်းဆုံး လူခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် အကြိမ်ပေါင်းများစွာ ကြိုးပမ်းခဲ့သော်လည်း ဒုံးကျည်ကို ကြားဖြတ်ဟန့်တားနိုင်ခြင်း မရှိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ “ဘန်ဂူရီယွန် လေဆိပ်ဧရိယာမှာ သက်ရောက်မှုတစ်ခုကို တွေ့ရှိထားပါတယ်” လို့ IDF က တယ်လီဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ အစ္စရေးလေတပ်က အထက်ပါကိစ္စနဲ့ ပတ်သက်သူတွေရဲ့ ပျက်ကွက်မှုကို စုံစမ်းစစ်ဆေးနေပါတယ်။
ယီမင် မြို့တော်နှင့် ဟိုဒိုင်ဒက်ရှ် ဆိပ်ကမ်းအပါအဝင် ယီမင်အနောက်ပိုင်းကို ထိန်းချုပ်ထားသည့် ဟူသီများသည် လွန်ခဲ့သည့်နှစ်အတွင်းက ပင်လယ်နီကိုဖြတ်ပြီး ကူးသန်းရောင်းဝယ်ရေး လုပ်နေတဲ့ သင်္ဘောများ နှင့် အစ္စရေးရှိ ပစ်မှတ်များသို့ ဒရုန်းများဖြင့်လည်းကောင်း၊ ဒုံးပျံများဖြင့်လည်းကောင်း ပစ်လွှတ်ခဲ့ပြီး ဂါဇာအရေးနဲ့ ပတ်သက်ပြီး အနောက်ဂျေရုဆလင်အစိုးရကို စစ်ရေးအရ ဖိအားပေးရန် ရည်ရွယ်ခဲ့ပါတယ်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ စစ်ဆင်ရေးကို ရပ်တန့်ပါက ဟူသီများက သူတို့ရဲ့ တိုက်ခိုက်မှုများကို ရပ်တန့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဟူသီများ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ယီမင်ကို တိုက်ခိုက်မှု မပြုလုပ်ခဲ့ပေမဲ့ အမေရိကန်ကတော့ ဟူသီပစ်မှတ်များကို အမေရိကန်ရေတပ်က လေကြောင်း နှင့် မတ်လတွင် စတင်တိုက်ခိုက်ခဲ့ ပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယီမင်တွင် တိုက်ခိုက်မှုများကို အရှိန်မြှင့်ရန် ပင်တဂွန်ကို အမိန့်ပေးခဲ့ပြီး ဟူသီသူပုန်များက ဆက်လက်တိုက်ခိုက်ပါက “လုံးဝ သုတ်သင်ပစ်မည်” လို့ သတိပေးခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment