မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ သန်လျင်သဘာဝတရား ရိပ်သာတွင် ခိုလှုံနေသူများအတွက် လိုအပ်သောအဝတ်အထည်များ ပေးအပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ သန်လျင်သဘာဝတရား ရိပ်သာတွင် ခိုလှုံနေသူများအတွက် လိုအပ်သောအဝတ်အထည်များ ပေးအပ်လှူဒါန်း




တာမွေ၊ မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ မေတ္တာစံအိမ်ရှိ သင်တန်းသားများနှင့် ခုနှစ်ရက်သားသမီးများ၏ စုပေါင်းအလှူအဖြစ် ယနေ့နံနက်ပိုင်းအချိန်က သန်လျင်သဘာဝတရားရိပ်သာတွင် ခိုလှုံနေသူများအတွက် လိုအပ်သောအဝတ်အထည်များပေးအပ်လှူဒါန်းခြင်းကို မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုကဲ့သို့ လှူဒါန်းရာတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟို ဥက္ကဋ္ဌ ဦးစံရှိန်နှင့် အတွင်းရေးမှူး ဒေါ်ခင်ခင်ဝင်းတို့က သန်လျင်သဘာဝတရားရိပ်သာတွင် ခိုလှုံလျက်ရှိသောသူများအတွက် မူးယစ်ဆေး စွဲသူများ ပြန်လည်ထူထောင်ရေး အသင်း(မြန်မာ) ဗဟိုမှ ဥက္ကဋ္ဌနှင့် အသင်းသား/သူများ၊ မေတ္တာစံအိမ်ရှိ သင်တန်းသား များနှင့် ခုနှစ်ရက်သားသမီးများမှ စုပေါင်းလှူဒါန်းသော အမျိုးသမီးဝတ်အင်္ကျီများ၊ အမျိုးသားဝတ်အင်္ကျီများ၊  တီရှပ် များ၊ ပုဆိုးများ၊ ဘောင်းဘီများ စသည့်အဝတ်အထည်များနှင့်အတူ အမျိူးသမီးအသုံးအဆောင်ပစ္စည်းမျိုးစုံ ပါဝင်သော အိတ် (၁၀)အိတ်အား ပေးအပ်လှူဒါန်းရာ သန်လျင်သဘာဝတရားရိပ်သာမှ ဆရာလေး  ဒေါ်ရက္ခိတဉာဏီက လက်ခံ ရယူခဲ့သည်။

သန်လျင်သဘာဝတရားရိပ်သာ၌ ခိုလှုံလျက်ရှိသောသူများအတွက် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းလိုပါက Thabarwa Live သဘာဝတရားရိပ်သာရုပ်သံမှတ်တမ်း ပေ့ခ်ျနှင့် ဆရာလေး အာသဝက္ခယဉာဏိ ၀၉-၇၅၁၇၆၅၉၆၈၊ ဆရာလေး ရက္ခိတဉာဏီ ၀၉-၇၇၇၀၀၂၅၉၇၊ ဆရာလေး အမတဉာဏီ  ၀၉-၇၇၇၀၄၉၈၉၄ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။



နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)