ပင်လုံ ၊ မေ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်နှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လားရှိုမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္ဒပုညနန္ဒဦးဆောင်၍ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်နှင့် အဖွဲ့ဝင်များ၊ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်/မြို့အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ပင်လုံမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ပန်းပင်ပျိူးပင်များ စိုက်ပျိုး၍ လေ့လာကြည့်ရှုခြင်း၊ ပန့်မုန့်ရွာသွားလမ်းရှိ ထပ်မံတိုးချဲ့ဆောက်လုပ်မည့် တံတားအား သွားရောက်ကြည့်ရှုခြင်း၊ မြို့တွင်းရှိ ပြုပြင်ဆောက်လုပ်နေသည့် လမ်းများအား ကြည့်ရှုခြင်း၊ ပင်လုံမြို့ ကျက်သရေဆောင်မင်္ဂလာကန်တော်အား ကြည့်ရှူလေ့လာခဲ့ပြီးနောက် မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝင်းအတွင်း၌ ထင်းရှူး (၉၄)ပင်၊ ချယ်ရီ (၇၆)ပင်၊ စိန်ပန်းပြာ (၇၅)ပင်၊ ခရေ (၁၀၅)ပင်၊ စုစုပေါင်း (၃၅၀)ပင်အား စိုက်ပျိုး၍ မြေသြဇာကျွေးခြင်း၊ ရေပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး စိုက်ပျိုးထားသည့် အပင်များအား လှည့်လည်ကြည့်ရှုခဲ့၍ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment