တောင်ကြီးမြို့၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ





တောင်ကြီး ၊  မေ ၁၄


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တောင်ကြီးမြို့၊ ခရိုင်/မြို့နယ် စုပေါင်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းဥပဒေကိုရေးဆွဲရာတွင် တောင်ကြီးခရိုင်၏ လူမှုစီးပွားရေးနယ်ပယ်အသီသီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူကိုဗဟိုပြု၍ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်ရည်ရွယ်၍ နိုင်ငံတော်ကချမှတ်ထားသည့် စီးပွားရေးမူဝါဒများ၊ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်နှင့်အညီ ရေးဆွဲဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အမှန်တကယ်အကောင်အထည်ဖော်နိုင်ပြီး ပြည်သူများအတွက် လက်ငင်းအကျိုးရှိစေမည့် လုပ်ငန်းစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်သည့်အတွက် သာမန်လုပ်ငန်းစဉ်ဟုသဘောမထားဘဲ တောင်ကြီးခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထူးခြားလေးနက်သည့် လုပ်ငန်းစဉ်အဖြစ် ခံယူဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ စီမံကိန်းနှင့် ဘတ်ဂျက်သည်ချိတ်ဆက်မှု အားကောင်းရန်လိုပါကြောင်း၊ ၎င်းဒေသန္တရစီမံကိန်းကို အကောင်အထည်ဖော်ရာမှာ မ‌မျှော်မှန်းနိုင်သည့်အခြေအနေများ ပေါ်ပေါက်လာလျှင် ဖြေရှင်းဆောင်ရွက်နိုင်ရန် ကြိုတင်အစီအမံများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ ထည့်သွင်းရေးဆွဲထားရန်နှင့် ဘတ်ဂျက်တောင်းခံခြင်းမပြုမီ စီမံကိန်းများကို စနစ်တကျ အစီအစဉ်တကျ ရေးဆွဲထားရှိရေးလိုအပ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်းများရွေးချယ်ရာတွင်လည်း စီမံကိန်းမစတင်မီ အချိန်ကတည်းက စီမံကိန်းစက်ဝန်းတစ်ခုလုံးကို ကြိုတင်ဆန်းစစ် သုံးသပ်ရန်လိုပါကြောင်း၊ နိုင်ငံတော်နှင့်ပြည်နယ်၏ ဘဏ္ဍာငွေလေလွင့်ဆုံးရှုံးမှုမရှိစေရေးနှင့် ပေးချေရမည့် တန်ဖိုးနှင့်ညီမျှသည့် ရလဒ်ကောင်းများရရှိရေးသည်လည်း အရေးကြီးပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လယ်ယာကဏ္ဍ၊ သားငါးကဏ္ဍ၊ သစ်တောကဏ္ဍ၊ လျှပ်စစ်ကဏ္ဍတို့တွင် ခရိုင်အဆင့်တာဝန်ရှိသူများ၊ တောင်ကြီး/ရပ်စောက်မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး‌ကော်မတီဥက္ကဋ္ဌတို့ထံ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်တာဝန်များကို ပေးအပ်ခဲ့သည်။


ထို့နောက် တောင်ကြီးခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးစိုင်းသိန်းအောင်မှ  တောင်ကြီးခရိုင်အတွင်း အခြေခံလုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး၊ မွေးမြူရေး၊ လျှပ်စစ်ဓာတ်အားတိုးတက်ရရှိရေးနှင့် ဝန်ဆောင်မှုကဏ္ဍများ နိုင်ငံတော်ဘတ်ဂျက်အခြေပြုသော ဆောက်လုပ်မှုကဏ္ဍတို့ကို တိုးတက်မှုရရှိရန် ရည်မှန်းထားကြောင်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာရေးနှစ် ရင်းနှီးမြုပ်နှံမှုအနေဖြင့် ဧပြီလမှ မတ်လကုန်အထိ ပြည်နယ်ဘတ်ဂျက် (၃၉.၈၄၆)ဘီလီယံ အကောင်အထည်ဖော်ဆောင်ရွက်ရန် ရည်မှန်ထားကြောင်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရသည်။


ကျော်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)