မေ - ၃ ( စနေနေ့ )
ထိုင်းနိုင်ငံ မက်ဒါဟမ်ပြည်နယ်မှာ လူရာနဲ့ချီပြီး အန်သရက်ရောဂါဖြစ်ပွားနေပါတယ်။ အဲ့ဒိရောဂါဖြစ်ပွားမှုက ရှားပါးသော်လည်း အသေအပျောက်ဖြစ်လောက်တဲ့ထိအောင်ကို ပြင်းထန်ပါတယ်။ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး အသေအပျာက်ရှိလာပြီဖြစ်လို့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အာဏါပိုင်တွေက အထူးသတိပေးချက် တစ်ခုကို ထုတ်ပြန်ထားပါတယ်။
အသေအပျောက်ကိုဖြစ်စေတတ်တဲ့ ရောဂါက အန်သရာစစ်လို့ ခေါ်တဲ့ ဘတ်တီးရီးယား တစ်မျိုးကြောင့်ဖြစ်ပြီး ရောဂါရှိတဲ့ အကောင်တွေရဲ့ အသားကို အစိမ်းစားတဲ့သူတွေ နဲ့ မကျက်တကျက် စားတဲ့သူတွေ ကူးစက်ခံရတာ ဖြစ်ပါတယ်။ ရောဂါရှိတဲ့ တိရစ္ဆာန်တွေနဲ့ တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်သောလည်းကောင်း ထိတွေ့ဆက်မိကလည်း ကူးစက်နိုင်ပါတယ်။ ရောဂါက မွေးမြူရေးခြံတွေကနေလည်းကောင်း၊ အပင်စား တောရိုင်းထိန်းသိမ်းရေး ဌာနတွေကနေလည်းကောင်း ပြန့်နှံ့နိုင်ပါတယ်။ အရေပြား၊ အဆုတ်၊ အူလမ်းကြောင်း နဲ့ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ကူးစက်တတ်ပါတယ်။ ကာကွယ်ဆေးကိုတော့ ၁၉၇၀ ခုနှစ်ကတည်းက ထုတ်ထားပြီးသားဖြစ်ပါတယ်။
REF: Reuters
https://t.me/MyanmarNationalPost

No comments:
Post a Comment