ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြည်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ






နေပြည်တော်၊ မေ ၂၄

မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့အတွင်း ငလျင် ဒဏ် ကြောင့် ပြိုကျပျက်စီးခဲ့သော စေတီများ၊ သာသနိကအဆောက်အအုံများအား တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာရှင် ပြည်သူများနှင့် စေတနာရှင်ကုမ္ပဏီများမှပူးပေါင်း၍ စုပေါင်းလုပ်အားပေး ရှင်းလင်း ဖယ်ရှားနေမှုနှင့် ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေမှု အခြေအနေများအား လည်းကောင်း၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ငလျင်ဘေးဒဏ်သင့် ခရိုင်မီးသတ် ဦးစီးဌာနအား ရုံးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် Modular Officeဆောက်လုပ်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအားလည်းကောင်း၊ စကုမှော်ငလျင်ဘေးဒဏ်သင့် ပြည်သူများ စောင့်ရှောက်ရေးစခန်းသို့ လည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည် များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ယင်းနောက် ပါရမီရပ်ကွက် နှစ်(၇၀၀)ပြည့်အာကစားခန်းမ၌ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ စစ်ကိုင်းမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ငလျင်ဘေးဒဏ် သင့်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ပေးအပ်ခြင်း အခမ်းအနားကို တက်ရောက်၍ ပြည်သူများ လက်ဝယ်သို့ ကိုယ်တိုင်ကိုယ်ကျပေးအပ်ခဲ့ပြီး နေ့ချင်းပြီးဆောင်ရွက်ပေးနေမှု အခြေ

J အနေများအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် မလေးရှာနိုင်ငံ ဆေးဘက်ဆိုင်ရာကုသရေး အဖွဲ့အား စားသောက်ဖွယ်ရာများ ပေးအပ်သည်။

အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ် ကြောင့်ပြိုကျပျက်ဆီးခဲ့သော အင်းဝတံတားသို့ သွားရောက်၍ ယာယီရုံးခန်းဖွင့်လှစ် ထားရှိမှု၊ ယာယီရှင်းလင်းဆောင် တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် လုပ်ငန်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

၎င်းနောက် မဟာအောင်မြေမြို့နယ်ရှိ ဝိဇ္ဇာလင်္ကာရ ကျောင်းတိုက်သို့ သွားရောက်၍ ဦးစီးပဓာနနာယကဆရာတော်အား ဖူးမျှော်ကြည်ညို၍ အလှူငွေများ ဆက်ကပ် လှုဒါန်းပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော ကျောင်းတိုက်အတွင်းရှိအလယ်တိုက်ကျောင်းတော်ကြီး၊ ဆွမ်းစားကျောင်းဆောင်နှင့် စာသင်သားကျောင်း ဆောင်နေရာများတွင် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးတို့အတွက် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။ 

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်သည် တာဝန်ရှိသူများနှင့်အတူ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ဉာဏဝတီသီလရှင် စာသင်တိုက် တကောင်းတိုက်သို့ လည်းကောင်း၊ အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ကျေးရွာ ရှိ သတ္တဌာနဘုရားနှင့် တောင်လေးလုံးကျောင်းတိုက်သို့လည်းကောင်း၊ မှန်တန်းရပ်ရှိရှေးဟောင်းသမိုင်းဝင် သံသေကပ်ကျော် ဆုတောင်းပြည့် မြတ်စွာဘုရားသို့လည်းကောင်း၊ ဝါးတန်းမြောက်ရပ်ရှိ သက်တော်ရ၊ သက်တော်ရှည် မြတ်စွာဘုရားသို့လည်းကောင်း သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ အပျက်အစီးများ ဖယ်ရှားရှင်းလင်း ဆောင်ရွက် ပြီးစီးမှု အခြေအနေများအားလည်းကောင်း၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ အခမဲ့ဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးနေမှုအားလည်းကောင်း သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းထိုင်ဆရာ တော်ကြီးများအား အလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင် သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်-မန္တလေး လမ်းမကြီးအား မီးသတ် ယာဉ်များအသုံးပြု၍ ပရိတ်ရေပက်ဖြန်းခြင်းနှင့်အတူ လမ်းမကြီးနှင့် လမ်းဘေး ဝဲ/ယာတစ်လျှောက် သန့်ရှင်းရေး ဆောင်ရွက်နေမှုအခြေအနေတို့အား သွားရောက် ကြည့်ရှု စစ်ဆေးသည်။

၎င်းနောက် ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက်ရှိ ကုန်းမြင့်သာစာသင်တိုက်နှင့် ရဲစုရပ်ကွက်ရှိ ဓမ္မရတနာကျောင်းတိုက်တို့ရှိ သာသနိကအဆောက်အအုံများ ပြန်လည် ပြုပြင်မွမ်းမံနေမှုအခြေအနေအားလည်းကောင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရှိအထက(ကူမဲ)တွင် ယာယီကျောင်းဆောင် အဆောက်အအုံ ၃ လုံး ဆောက်လုပ်နေမှု အခြေအနေများအားလည်းကောင်း၊ ကူမဲမြို့အတွင်းရှိ ငလျင်ဘေး ဒဏ်ကြောင့် ပျက်စီး သွားသော ဘုရားစေတီများ၊ သာသနိက အဆောက်အအုံများနှင့် လူနေအဆောက် အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေး အတွက်လိုအပ်လျက်ရှိသော ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ် ယူသူ ဦးရေ ၇၃၅ ဦး ရှိခဲ့ပြီး ဘိလပ်မြေ ၃၇၈၃၀ အိတ်၊ ၁၀ မီလီမီတာသံချောင်း ၇၆ တန်၊ ၁၆ မီလီမီတာ သံချောင်း ၁၂၃.၅၀ တန်နှင့် အထပ်သားပြား ၂၄၅၃ ချပ်တို့အား စက်ရုံထုတ် အထူးဈေးနှုန်း ဖြင့်ရောင်းချ ပေးနေမှုအခြေအနေများအား သွားရောက် ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ အား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)