ဗိုလ်ချုပ်ကြီး မောင်မောင်အေး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ရုံးများ ပြန်လည်ပြုပြင်နေမှုနှင့် ယာယီရုံးများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗိုလ်ချုပ်ကြီး မောင်မောင်အေး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့၏ ရုံးများ ပြန်လည်ပြုပြင်နေမှုနှင့် ယာယီရုံးများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မေ ၂၅

အဆောက်အဦများ ပြန်လည်ပြုပြင်အသုံးပြုရေးနှင့် အသစ် တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဦးမျိုးသန့်နှင့်အတူ ယမန်နေ့က ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အလုပ်သမားဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့သို့ သွားရောက်၍ ရုံးများ ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ ယာယီရုံးများဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် အဖွဲ့ဝင်များသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးနှင့် အလုပ်သမားဝန်ကြီးဌာန အဆောက်အဦများ ဆောက်လုပ်မည့် လျာထား မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးရုံးအဆောက်အအုံ ပြန်လည်ပြင်ဆင်ရန် ဆောင်ရွက်နေမှု၊ မြေထိန်းနံရံများဖြင့် ကြံ့ခိုင်ရန် ဆောင်ရွက်မည့်အခြေအနေ၊ ယာယီရုံး Prefabricated Office များ ဆောက်လုပ်၍ ရုံးခန်းများဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ထပ်မံဆောက်လုပ်မည့် ယာယီရုံး Prefabricated Office များ ဆောက်လုပ်ရန် ကြိုတင်လျာထား၍ ရောက်ရှိလာပါက အမြန်တပ်ဆင် တည်ဆောက်သွားရန်တို့ကို မှာကြားသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွား‌ရောက်၍ ယာယီရုံး Prefabricated Office များ ဆောက်လုပ်ပြီးစီးမှု၊ ရုံးအဆောက်အအုံ နှစ်လုံး ပြင်ဆင်ပြီးစီးမှုများကို ကြည့်ရှုပြီး ထပ်မံရောက်ရှိလာမည့် ယာယီရုံး Prefabricated Office များကို ကြိုတင်နေရာသတ်မှတ် တည်ဆောက်သွားရန်နှင့် ရွှေ့ပြောင်းမည့်အစီအမံအသေးစိတ်အား ကြိုတင်စီစဉ်ဆောင်ရွက်သွားရန်တို့ကို မှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)