အရိယာမဏ္ဍိုင်တောရရိပ်သာ မှ ဦးသူရိယ ၏ ဟောပြောမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ ဝိနိစ္ဆယအဖွဲ့က အဆုံးအဖြတ်ပေးတော့မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အရိယာမဏ္ဍိုင်တောရရိပ်သာ မှ ဦးသူရိယ ၏ ဟောပြောမှုများနှင့် ပတ်သက်၍ နိုင်ငံတော်သံဃမဟာနယကအဖွဲ့၊ ဝိနိစ္ဆယအဖွဲ့က အဆုံးအဖြတ်ပေးတော့မည်


ရန်ကုန်၊ မေ ၂၀

လှည်းကူးမြို့နယ်၊ အမြန်လမ်း ၁၆မိုင် ၅ဖာလုံအနီး အရိယာမဏ္ဍိုင်တောရရိပ်သာကျောင်းတွင် နေထိုင်သော ဦးသူရိယ၏ ဟောပြောမှုများနှင့် ပတ်သက်၍ ဆရာတော်များ၊ လူပုဂ္ဂိုလ်များ က စောဒနာတင်၍ ဓမ္မ/ အဓမ္မ အဆုံးအဖြတ်ပေးနိုင်ရန် တင်ပြထားသည့်အပေါ် နိုင်ငံတော်သံဃမဟာနာယက၊ သီးခြားဝိနည်းဓိုရ်အဖွဲ့ က ၂၃-၅-၂၀၂၅ ရက်နေ့တွင် အဆုံးအဖြတ်ပေးမည်ဖြစ်ကြောင်း စောဒကများထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ စောဒကအဖွဲ့တွင် ပါဝင်သည့် ဆရာ ဦးအောင်မြိုင်က "ဆင့်ခေါ်စာတော့ ရပြီပေါ့။ ၁၃၈၇ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁၂)ရက်၊ နေ့လယ် (၁ ၀၀)နာရီ သံဃဝိနိစ္ဆယဌာနကို ခေါ်ထားပါတယ်။ လာမယ့် (၂၃-၅-၂၀၂၅) ရက်နေ့ မှာပေါ့၊ အရိယာမဏ္ဍိုင်တောရရိပ်သာမှာ ဦးသူရိယ ရဲ့ ဟောပြောမှုတွေနဲ့ ပတ်သက်လို့ ဓမ္မ/ အဓမ္မ အဓိကရုဏ်းမှုခင်း ကို ဆရာတော်ကြီးများက အဆုံးအဖြတ်ပေးမှာပါ။ စိတ်ပါဝင်စားသူများလည်း လာရောက်လေ့လာနိုင်ပါတယ်။ စောဒကတွေကိုတော့ ဆင့်ခေါ်စာနဲ့ ခေါ်ပါပြီ။" ဟု ပြောသည်။

အရိယာမဏ္ဍိုင်တောရရိပ်သာမှ ဦးသူရိယ၏ ဟောပြောမှုများနှင့် ပတ်သက်၍ စောဒနာတင်ထားကြောင်း၊ ဦးသူရိယ၏ ဟောပြောမှုများအပေါ် ကျမ်းကိုးဖြင့် ဝေဖန်ထောက်ပြ ခဲ့သည့် ဆရာ ဦးအောင်မြိုင်နှင့် ဆရာ အောင်အောင်ဇော် တို့အား ဦးသူရိယ ၏ တပည့်များက လှည်းကူးမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားရာ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်ကြီး က သံဃာ့အဖွဲ့အစည်းက မဆုံးရသေးမီ အရပ်ဘက် တရားရုံးတွင် တရားစွဲဆိုခြင်းကို ဆိုင်းငံ့ရန် (သို့) ပလပ်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများထံသို့ လိပ်မူ၍ စာရေးသား ပေးပို့ခဲ့သော်လည်း ဆရာဦးအောင်မြိုင်နှင့် ဆရာဦးအောင်အောင်ဇော် တို့မှ ဦးသူရိယ ၏ တပည့်များ စွဲဆိုသည့် အမှုကို ရင်ဆိုင်နေရဆဲဖြစ်သည်။

စောဒကအဖွဲ့ က ဦးသူရိယ၏ ဟောပြောချက်များသည် မြတ်စွာဘုရား၏ တရားတော်များနှင့် ညီညွတ်ခြင်း မရှိသောကြောင့် ဓမ္မ/ အဓမ္မ အဆုံးအဖြတ်ပေးရန် စောဒနာတင်ခဲ့ကြခြင်း ဖြစ်ပြီး တရားစွဲဆိုမှုများ ဖြစ်ပေါ်လာခြင်းကြောင့် နိုင်ငံတော်အစိုးရအကြီးအကဲများထံသို့လည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တင်ပြတိုင်ကြားမှုများ ပြုလုပ်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)