သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံတွင် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး




သထုံ  ၊   မေ   ၂၀ 


မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၅ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေ‌ကို ယမန်နေ့၊ နံနက်ပိုင်းက သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်‌ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ ‌လာရောက်ထုတ်ယူလျှက်ရှိကြောင်း သိရသည်။


ချေးငွေထုတ်ပေးရာတွင် ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ တာဝန်ခံ မန်နေဂျာ ဦးနေလင်းက ယခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများ ပြန်လည်ပေးသွင်းရမည့်ကာလနှင့် အပြေအကြေ ပြန်လည်ပေးဆပ်ကြရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။


အဆိုပါနေ့‌တွင် သထုံမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို အစောဆုံး အ‌ကြေပြန်လည် ပေးဆပ်ခဲ့သည့် ဓနုကတိုက်ကျေးရွာမှ တောင်သူ ၄၁ ဦးတို့၏ စိုက်ဧက ၃၆၆ ဧကအတွက် တစ်ဧကလျင် ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ် ၅၄၉၀၀၀၀၀ ကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေးခဲ့သည်။


သထုံမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များက ချေးငွေများ အပြေအကြေပြန်လည်ဆပ်ပြီးသည့် ကျေးရွာအုပ်စုပေါင်း ၄၃ အုပ်စုမှ တောင်သူ ၃၁၅၂ ဦးတို့၏ မိုးစပါးစိုက်ဧကပေါင်း ၂၈၆၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၄၂၉၀၀ ခန့်အား မေလ ၁၉ ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားရန် လျာထား‌ကြောင်း သထုံခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)